သတင်းတို

ဒေါ်အောင်ဆန်းစုကြည်အား ပေးထားသည့် ဆု အောက်စဖို့မြို့ကောင်စီ ပြန်ရုပ်သိမ်း

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် Freedom of the City ဆုကို ပြန်လည်ရုပ်သိမ်းရန် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်မြို့ကောင်စီက ဆုံးဖြတ်လိုက်သည်။

သူမ အနေဖြင့် ရိုဟင်ဂျာဟု ဆိုသူ ဘင်္ဂလီများအရေးတွင် ထိရောက်သော တုံ့ပြန်မှု ပေးရန် ပျက်ကွက် ခဲ့ခြင်းကြောင့် အထူးအစည်းအဝေးတွင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်စီ၏ အကြီးအကဲ မာရီ ကလဲ့စင်က “ယနေ့ ကျမတို့ရဲ့ မကြုံစဖူး လုပ်ဆောင်ချက် တရပ်အနေနဲ့ မြို့ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်စု ကို ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း၊ အကြောင်းကတော့ လူနည်း စုကို ဖိနှိပ်မှုတွေကို သူမအရေးမယူခဲ့လို့ပဲ ဖြစ်ပါတယ်” လို့ အောက်စဖို့ဒ်မြို့ရဲ့ တရားဝင် Twitter စာမျက်နှာတွင် ရေးသား ထားသည်။

မကြာသေးမီကလည်း ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သည့် အောက်စဖို့ဒ် တက္ကသိုလ် St Hugh’s ကောလိပ် ကလည်း သူမ၏ ဓာတ်ပုံကို ဖြုတ်ချခဲ့သေးသည်။

Loading