သတင်းတို

ဘုရားထဲ မဖွယ်မရာ ဓာတ်ပုံ အရိုက်ခံသူ အမေရိကန် ၂ ဦး အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ထွန်ဘူရီ အရပ်ရှိ ဝပ်အရမ် ဘုရားကျောင်း အတွင်း ဘောင်းဘီချွတ်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် Twitter နှင့် Instagram ပေါ်တင်ခဲ့သည် အမေရိကန် နိုင်ငံသား ၂ဦးကို ဒွန်းမောင်း လေဆိပ်၌ မနေ့ညက ထိုင်းလူဝင်မှု ကြီးကြပ်ရေး က ဖမ်းဆီးလိုက်ပါ တယ်။

အဆိုပါ ဘောင်းဘီချွတ်ကာ ဓာတ်ပုံအရိုက်ခံကြသူ အမေရိကန် ၂ဦးမှာ အသက် ၃၈နှစ်အရွယ်ရှိ ဂျိုးဇက်နှင့် ထရာဗစ်တို့ ဖြစ်ပြီး နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာရန် ပြုလုပ်နေစဉ် ယမန်နေ့ ည၈နာရီ က လေဆိပ်မှာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။

၎င်းတို့ ၂ဦးကလည်း ဘုရား ပရဝုဏ်အတွင်း ဘောင်းဘီချွတ်ကာ ဓာတ်ပုံရိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ သူတို့ကို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် မဖွယ်မရာ ပြုလုပ်မှုဖြင့် ဘန်ကောက်ခရိုင် ရဲစခန်းတွင် အမှုဖွင့်ထားကာ ပြစ်မှုထင်ရှားပါက ဒဏ်ငွေ ဘတ် ၅ထောင် ချမှတ်ခံရနိုင် တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading