သတင်းတို

ထိုင်းမိသားစု အသတ်ခံရမှု ရွှေ့ပြောင်း အလုပ်သမား ၂ဦးကို ထိုင်းရဲ ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ပရာကျွတ် ကရီခန်း ပြည်နယ် ဘန်စဖန်နွိုင် ခရိုင်ရှိ ရာဘာ စိုက်ခင်း၌ အလုပ်လုပ်နေတဲ့ ထိုင်းမိသားစု ၄ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား မွန်တိုင်းရင်းသား ၂ဦးကို ရဲက လိုက်လံရှာဖွေနေတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။

အသတ်ခံရတဲ့ ထိုင်းမိသားစုဟာ နာရာသီဝပ် ခရိုင်မှ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၀ အရွယ် နမ်ဖုန် ခမ်းခေါင်ဆိုသူနှင့် မိသားစုဝင်များဖြစ်ပြီး၊ သေဆုံးသူတွေထဲမှာ ၅နှစ်အရွယ် မိန်းကလေးငယ်တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ အလောင်းတွေကို ရာဘာအချပ်တွေထားတဲ့ ဂိုဒေါင်ထဲမှာ ခြံပိုင်ရှင်က မနေ့ည ၆နာရီ ခန့်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ရဲကို အကြောင်းကြားပြီး စစ်ဆေးရာ လည်ပင်းကို ဓားနဲ့ လှီးခံထားရတယ် လို့ ဆိုပါတယ်။

ရာဘာခြံပိုင်ရှင် ပွန်နီပါက ရာဘာအချပ်တွေ စစ်ဆေးဖို့ လာရောက်ရာမှာ မည်သူတဦးတယောက်ကို မတွေ့ဘဲ တံခါးသော့ခတ်ထားကို တွေ့ကြောင်း၊ အလားတူ မွန်လူမျိုး ရွှေပြောင်းလုပ်သား ၂ဦးကို လည်း မတွေ့ရကြောင်းဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိသားစုဟာ မွန်အလုပ်သမားတွေနဲ့ စကားများခဲ့တယ်လို့ သံသယရှိတဲ့ အတွက် ပျောက်ဆုံးနေတဲ့ အဆိုပါ မွန်လူမျိုး ရွေ့ပြောင်းလုပ်သား ၂ဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading