နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့နံနက် ၈နာရီ ၁၅ မိနစ်မှာ နေပြည်တော်မှ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဘေကျင်းမြို့တွင် တွေ့ဆုံမည်ဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီ နှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်အစိုးရ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
https://www.facebook.com/theirrawaddyburmese/videos/1834082039969273/
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက် လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ နှင့်တာဝန်ရှိသူများ လိုက်ပါသွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ပါတယ်။
ရခိုင်ပဋိပက္ခကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဖိအားပေးများ ကြုံတွေ့နေရချိန်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း တရုတ်နိုင်ငံသို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တကွ စစ်ဘက်ဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသေးတယ်။