အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီး တဲ့နောက်မှာ ပါလက် စတိုင်း စစ်သွေးကြွများက “day of rage” ဒေါသထွက်တဲ့ နေ့အဖြစ် သတ်မှတ်ကာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ခိုက်မှုများ ပြုလုပ်နေရာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက်မှာ ၂ဦးသေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
မနေ့က ဂါဇာဒေသမှာ အဓိကရုုဏ်းတွေမှာ အသက် ၃၀ အရွယ် ပါလက်စတိုင်း တဦးကို အစ္စရေးတပ်က ပစ်သတ်လိုက် ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA ကဆိုသလို၊ အသက် ၅၄နှစ်အရွယ် ပါလက်စတိုင်းတဦးလည်း သေဆုံးကြောင်း အယ်ဂျာဇီးယား သတင်းက ဖော်ပြပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ် အဖွဲ့ရဲ့ ဂါဇာကမ်းမြှောင်ရှိ လေ့ကျင့်ရေးစခန်းကို အစ္စရေးလေယာဉ်များက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး ၆ဦးအပါအဝင် ၂၅ဦးခန့် ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
လခြမ်းနီ အကူအညီပေးရေးအဖွဲ့ကတော့ အစ္စရေးတပ်တွေက ကျည်ဆန်တွေ၊ ရာဘာကျည်တွေနဲ့ ပါလက်စတိုင်းတွေကို ပစ်ခတ်တဲ့အတွက် လူပေါင်း ၇၆၇ ဦးထက်မနဲ ဒဏ်ရာရတာကြောင့် ဆေးကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂမှာ ရောက်ရှိနေတဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေလည်း အမေရိကန်ဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်သူ တွေဖြစ်တယ်လို့ ပြောခဲ့သလိုကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျပန်နဲ့ အီတလီ သံအမတ်တွေကလည်း အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အစ္စရေးကို တိုက်ခိုက်ဖို့ လက်ဘနွန် ဟဇ်ဘိုလာ ခေါင်းဆောင် လှုံ့ဆော်ပြန်
အစ္စရေး အပေါ် တော်လှန်ရေး ဆင်နွဲဖို့ ဟားမတ်စ် ခေါင်းဆောင် ပြော