သတင်းတို

မြန်မာ့ ဒီမိုကရေစီရေးနဲ့ စီးပွားရေး အောင်မြင်ဖို့ ဂျပန်က ဆက်လက်ကူညီမည်ဟု ပြော

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်ဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒီဇင်ဘာ ၁၄ရက် နေ့ ညနေ ၆နာရီ မှာ တိုကျိုမြို့က ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ရာမှာ ဂျပန်အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ရေး၊ ပြုပြင်ပြောင်းလဲ ရေးနဲ့ စီးပွားရေး စသည့်ကဏ္ဍတွေမှာ အောင်မြင်ဖို့ ဆက်လက်ကူညီမည် ဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

ထိုသို့ တွေ့ဆုံရာမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်း ၌ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ကူညီရေး၊ မြန်မာနိုင်ငံရဲ့ Universal Health Coverage ရည်မှန်းချက် အကောင်အထည်ဖော်ရာမှာ ကူညီရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနဲ့ သယ်ယူပို့ ဆောင်ရေး၊ လျှပ်စစ် ဓာတ်အား ကဏ္ဍတွေကို အလေးပေး ပူးပေါင်းဆောင်ရွက်ရေး၊ ရန်ကုန်မြို့မှာ ဂျပန် ယဉ်ကျေး မှု စင်တာ တည်ထောင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ကူညီရေး၊ လွတ်လပ်ပွင့်လင်း တဲ့ အိန္ဒိယ- ပစ္စိဖိတ် မဟာဗျူဟာ အစီအစဉ်အောက်မှ ဒေသတွင်း ချိတ်ဆက်မှုများကို မြှင့်တင်၍ မြန်မာအပါအဝင် ဒေသ တွင်း တည်ငြိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ကူညီပံ့ပိုးသွားရေး စတာတွေကို ဆွေးနွေးကြောင်း ဖော်ပြပါတယ်။

သမ္မတ ဦးထင်ကျော်ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုလုပ်ဆောင်ရန် နှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရာမှာ ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုလာရောက်ရေး၊ မြန်မာ့ငြိမ်းချမ်းရေး အပါအဝင် လျှပ်စစ် ကဏ္ဍနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အပေါ် ကူညီတာကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဂျပန်ဝန်ကြီးချုပ်လည်း မြန်မာ့ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲ ရေးနဲ့ စီးပွားရေး စသည့်ကဏ္ဍ တွေမှာ အောင်မြင်ဖို့ ဆက်လက်ကူညီမည်ဖြစ်သလို ဂျပန်ယန်း ၈၀၀ဘီလျံနဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍတို့မှာ အဓိကထား ပူးပေါင်း ဆောင်ရွက်ရေးသာမက ကျန်းမာရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုး ရေးတို့မှာလည်း ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တော ဒေသအရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ ရဲ့ ကြိုးပမ်းဆောင် ရွက်နေမှုများကို ဂျပန်နိုင်ငံက ထောက်ခံ အသိအမှတ်ပြုပြီး အကူအညီပေးအပ် သွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် ရခိုင် ပြည်နယ် အတွင်း လမ်းတံတားများ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ် အား ရရှိရေး၊ စာသင်ကျောင်းများ ဆောက်လုပ် ရေးတို့ကို အကူအညီပေး သွားမှာဖြစ် ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်ပြည်သို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တရုတ်ပြည်သို့ သွားရောက်ကာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading