အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းမှာ ပြင်းအား ၆.၅ မဂ္ဂနီကျု့ရှိ ငလျင်တခု မနေ့ညက လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများစွာ ပြိုကျခဲ့ ပြီး လတ်တလော အသေအပျောက်စာရင်းအရ သေဆုံးသူ ၂ဦးရှိတယ်လို့ သိရပါတယ်။
မနေ့ည ၁၁နာရီ ၄၇ မိနစ်ခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျဗားကမ်းရိုးတန်းတလျှောက် ဆူနာမီသတိပေးချက် ထုတ် ပြန်ခဲ့ရသလို၊ လှုပ်ခတ်တဲ့ဒေသဟာ လူဦးရေထူထပ်တဲ့ ဒေသဖြစ်တာကြောင့် အသေအပျောက် မြင့်တက်လာနိုင်တယ် လို့ ဆိုပါတယ်။
ငလျင်လှုပ်ချိန်မှာ လူအများပြား အဆောက်အဦ အပြင်ကို ပြေးထွက်ခဲ့ရပြီး လမ်းပေါ်မှာ လူအများအပြား ရောက်ရှိနေတာ ကို အင်ဒိုနီးရှား ရုပ်မြင်သံကြားမှာ မြင်တွေ့ရပါတယ်။
လတ်တလေအသေအပျောက်စာရင်းထွက်လာ
ဂျာဗားအလယ်နဲ့ အနောက်ဂျာဗားက မြို့တော်တော်များများမှာ အဆောက်အဦး ပြိုပျက်မှုတွေ များတယ်လို့ သူကဆက်ပြောပါတယ်။