သတင်းတို

အကြီးဆုံး ဗိုလ်ချူပ်အောင်ဆန်း ရုပ်တု နေပြည်တော်တွင်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများထဲတွင်အကြီးဆုံး ဖြစ်လာမည့် ဗိုလ်ချုပ် ကြေးရုပ်တုကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကြေးပိဿာချိန် ၅ ထောင်နီးပါးဖြင့် ပြုလုပ်မည့် မြင်းစီးနေသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုသည် ငွေကျပ် သိန်း ၂ ထောင်ကျော် ကုန်ကျမည်ဖြစ်ပြီး ရုပ်တု ပြုလုပ်ပြီးပါက နေပြည်တော် သပြေကုန်း အဝိုင်းတွင် တည်ထားမည်ဖြစ် ကြောင်းသိရသည်။

ကြေးရုပ်တု ပြုလုပ်မည့် ပန်းပုပညာရှင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြင့်စံက “နိုင်ငံမှာ အကြီးဆုံးရုပ်တုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့် မီအောင်လည်း လုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက သူတွေလည်း ဒီအဝိုင်းကနေ နေ့တိုင်းသွားလာနေတယ်။ ရုံးတက် ရုံးဆင်း၊ နေ့တိုင်းမြင်တွေ့နေရမယ့် ရုပ်တုပါ” ဟုုပြောသည်။

အမြင့် ၁၈ ပေရှိသည့် ဗိုလ်ချူပ် ရုပ်တုကို ပြုလုပ်ရာတွင် တနိုင်ငံ ပြယုဂ် အနေဖြင့် ထားရှိမှာ ဖြစ်သဖြင့် အပြစ် အနာ တစုံတရာမှ ပါဝင်ခြင်းမရှိအောင် ပြုလုပ်သွားမည်ဟုလည်း ဒေါက်တာ မြင့်စံက ကတိပြုပြောဆိုသည်။

ဗိုလ်ချူပ် ကြေးရုပ် ဖြစ်မြောက်ရေးအတွက် အစိုးရထံမှ ဘတ်ဂျက်တောင်းခံမှု ပြုလုပ်မည် မဟုတ်ဘဲ၊ ပြည်သူများ၏ လှူဒါန်းသည့် ဝင်ငွေ နှင့်သာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချူပ် အောင်ဆန်း ရုပ်တု ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူ က ပြောသည်။

ဦးမင်းသူက “ပုံစံက ရွေးချယ်ပြီးပြီ၊ ပြည်သူ့အားနဲ့ လုပ်မှာဖြစ်တဲ့အတွက် တယောက်တသောင်း ထည့်မယ်ဆို လူပေါင်း ၂ သောင်းလောက် ထည့်ဝင်တာနဲ့ကို ရန်ပုံငွေက ပြည့်ပြီ၊ လုပ်ငန်းရှင်တွေ ဒီထက်မက လှူတာလည်း ရှိပါတယ်” ဟု ဆိုသည်။

လက်တလောတွင် အလှူငွေတချို့ စတင်ရရှိထားပြီး Bank Account ဖွင့် ပြီးအလှူခံခြင်း ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်သလို လုပ်ငန်းပိုင်းအနေဖြင့်လည်း ဒီဇိုင်းဆွဲခြင်း၊ ရုပ်တုထုခြင်း၊ ပုံကြမ်းလောင်းခြင်းများ စတင်ပြုလုပ် နေပြီဟု ဦးမင်းသူ က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading