သတင်းတို

ဟစ်တလာ စီးခဲ့တဲ့ မာစီးဒီး လေလံပစ်မည်

ဂျာမန်နာဇီခေါင်းဆောင် အာဏာရှင် အဒေ့ါဖ် ဟစ်တလာရဲ့ ကိုယ်ပိုင်ကားရုံထဲမှာ ထားရှိခဲ့တယ်ဆိုတဲ့ မာစီးဒီး ဗင် 770K အမျိုးအစား ရှေးဟောင်း မော်တော်ကားကို အမေရိကန်ပြည်ထောင်စု အရီဇိုနားမှာ လာမည့်နှစ် လေလံတင်ရောင်းချဖို့ စီစဉ်နေတယ်လို့ ရုရှား RT သတင်းကဆိုပါတယ်။

၁၉၃၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မာစီးဒီး ဗင် 770K Offener Tourenwagen ကားဟာ အဲဒီခေတ်က တော့ စူပါမာစီးဒီး အဖြစ် အာဏာရှင် အဒေါ့ဖ် ဟစ်တလာမှ အပ မည်သူမှ စီးဖူးခြင်းမရှိလို့ ကမ္ဘာတလွှားက လေလံသမားတွေက ပြော ပါတယ်။

Grosser လို့ လတ်တလော ခေါ်ဝေါ်နေတဲ့ အဲဒီ မာစီးဒီးကားဟာ ကမ္ဘာမှာ အကောင်းဆုံး ဇိမ်ခံယဉ် အင်္ဂါရပ်တွေနဲ့ ပြည့်စုံ နေဆဲဖြစ်ပြီး ဒီဇိုင်း၊ နည်းပညာနဲ့ တည်ဆောက်ထားပုံဟာ ယခုတိုင် တန်းမီ လျှက် ရှိသေးတယ်လို့ သိရပါတယ်။

အဲ့ဒီ စူပါ မာစီးဒီးကားဟာ နာဇီဂျာမနီ ခေါင်းဆောင်ကြီး ဟစ်တလာအတွက် အထူးသီးသန့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကျယ်ပြန့်တဲ့ တည်ဆောက်ပုံအဖြစ် လုံခြုံရေး ဂီယာကို အတွင်းပိုင်းမှာ အသေတပ်ဆင်ထားသလို ၃၀ မီလီမီတာ ကျည်ကာနိုင်တဲ့ လေကာမှန်၊ သံချပ်ကာ ကိုယ်ထည်တို့ ပါဝင်ကာ ဟစ်တလာရဲ့ ယာဉ်မောင်းဖြစ်သူ အထူးတပ်ဖွဲ့ အရာရှိ အဲရစ် ကမ်ကာ ကိုယ်တိုင် အသေးစိတ် ညွှန်ကြား ပုံဖော်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

မူလကတော့ ဒီပုံစံ ဒီဇိုင်းကို ဟစ်တလာရဲ့ အထူးဂုဏ်သရေရှိ ဧည့်သည်တော် အီတလီခေါင်းဆောင်ကြီး မူဆိုလိုနီကို ကြိုဆိုဖို့ တည်ဆောက်ခိုင်းဖြစ်တယ်လို့ အဆိုရှိပါတယ်။

ကနဦးယာဉ်ဒီဇိုင်းကို ဟစ်တလာ၏အထူးဂုဏ်သရေရှိဧည့်သည်တော် အီတလီဖက်ဆစ်ခေါင်းဆောင် ဘန်နီတိုမူဆိုလီနီကို ကြိုဆိုရန် တည်ဆောက်ခိုင်းခဲ့ခြင်းဖြစ်ပြီး၊ဒုတိယကမ္ဘာစစ်အပြီး ဂျာမန်တို့ ရှုံးနိမ့်ချိန်မှာ အမေရိကန်တပ်များဟာ အဲဒီကားကို ယူဆောင်သွားပြီးနောက် နောက်ပိုင်းမှာ အဆင့်ဆင့် လက်လွှဲရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ဟစ်တလာရဲ့ မာစီးဒီး ကား ရောင်းရငွေ အကျိုးအမြတ် ၁၀ ရာခိုင်နှုန်းကို ဂျူးလူမျိုး ၆သန်း သုတ်သင်ခံ ရခြင်း အထိမ်းအမှတ်နေရာ (Holocaust)တွင် ပညာရေး စီမံကိန်း ရံပုံငွေအဖြစ် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Loading