မြောက်ပင်လယ်အတွင်း ဗြိတိန်ရေပိုင်နက်အနီးမှ ဖြတ်သန်းခုတ်မောင်းသွားသည့် ရုရှားစစ်သင်္ဘော Gorshkov ကို ဗြိတိန်ရေတပ်မှ HMS St. Albans က ခရစ်မတ်နေ့ က နောက်ယောင်ခံ လိုက်ပါ ကြည့်ရှု့ခဲ့တယ်လို့ ဗြိတိန်ရေတပ်က ထုတ်ပြန်ပါတယ်။
ပဲထိန်းဒုံးပျံတပ် ရုရှားသင်္ဘော Admiral Gorshkovဟာ ဗြိတိန်ရေပိုင်နက် အနီးမှ ဖြတ်သန်း သွား ခြင်း ဖြစ်ပြီး၊ ဗြိတိန်ရေတပ်က ရဟတ်ယာဉ်ဖြင့်လည်း ယင်းဧရိယာအတွင်းရှိ ရုရှားစစ်သင်္ဘောများကို ထောက်လှမ်းခဲ့တယ်လို့သိရပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂါဗင် ဝီလျံဆွန်က မိမိတို့ ရေပိုင်နက်ကို ကာကွယ်ဖို့ တုန့်နှေးနေမှာ မဟုတ်သလိုု ရန်လိုမှုများကို သီးခံမည်မဟုတ်ဟုလည်း ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင် ရုရှားနိုင်ငံ မော်စကိုမြို့ကို အလည် သွားရောက်ပြီးနောက် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လာဗာရော့တို့ အကြား ဆွေးနွေးမှုများ သဘောတူညီချက် မရရှိခဲ့သည့်နောက်မှာ တင်းမာမှုဖြစ်လာ ခြင်းဖြစ်ပါတယ်။
ယခုလအတွင်းကလည်း ရုရှားစစ်သင်္ဘောများဟာ ရေအောက်မှာရှိတဲ့ အင်တာနက်ကေဘယ်ကြိုးများ များကို ဖြတ်တောက်ပြီး ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးကို အနှောက်အယှက်ပေးကောင်းပေးလိမ့် မယ်လို့ ဗြိတိန်က သတိပေးခဲ့ဖူးပါတယ်။
ယခုနှစ် ဧပြီလအတွင်းကလည်း ဗြိတိန် ဖရီဂိတ် စစ်သင်္ဘော HMS Sutherland ဟာ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်လာတဲ့ ရုရှား ကော်ဗက် တိုက်သင်္ဘော ၂စီးကို နောက်ကို နောက်ကို နောက်ယောင်ခံ လိုက်လံကြည့်ရှု့ခဲ့ပါသေးတယ်။