သတင်းတို

မြို့တော် ဂျေရုဆလင်ကို ၁၀ နိုင်ငံထက်မနည်း အသိအမှတ်ပြုနိုင်ဟု အစ္စရေးဆို

Want create site? Find Free WordPress Themes and plugins.

ဂွာတီမာလာသမ္မတက ၎င်းနိုင်ငံသံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွေ့မယ်လို့ ထုတ်ပြန်ခဲ့ပြီးမှာ  တခြား ၁၀နိုင်ငံထက် မနည်းကလည်း အသိအမှတ်ပြုဖို့  စိတ်ဝင်စားနေကြောင်း အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး တီဇီပီ ဟိုတိုဗီလီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Times of Israel သတင်းက ဆိုပါ တယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂွာတီမာလာ သမ္မတ ဂျင်မီ မောရေးစ်က သံရုံးပြောင်းရွေ့ဖို့ ကြေညာခဲ့တာဖြစ် ပြီး ဗဟိုအမေရိက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံလည်း နောက်ထပ်ပြောင်းရွေ့နိုင်ကြောင်း၊ ဒါ့အပြင် တခြားနိုင်ငံတွေကလည်း စိတ်ဝင်စားတယ်လို့ အစ္စရေး ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဆိုလိုက်ခြင်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း၊ ထုတ်ဖော်ကြေညာပြီး နောက် အဲဒီကြေညာချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ရာ ဗဟိုအမေရိကနိုင်ငံတွေဖြစ်တဲ့ ဂွာတီမာလာ အပါအဝင် အခြား ၆နိုင်ငံက အမေရိကန်နဲ့ အစ္စရေးကို ထောက်ခံခဲ့ပါတယ်။

ဂွါတီမာလာနဲ့ အတူ ထောက်ခံတဲ့ နိုင်ငံတွေက  ဟွန်ဒူးရပ်စ်၊ မာရှယ်ကျွန်းစုနိုင်ငံ၊ မိုက်ခရိုနီးရှား၊ နာရူး၊ ပလာရူနှင့် တိုဂိုနိုင်ငံတို့ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဂျေရုဆလင်ကို သံရုံးပြောင်ရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံမဲ ၁၂၈ မဲ ကန့်ကွက်မဲ  ၉မဲနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ စောစောပိုင်းက အစ္စရေးလွှတ်တော်မှာ ဝန်ကြီးချုပ် နေတန်ယာဟုက မိန့်ခွန်း ပြောကြားရာမှာ ဂွာတီမာလာသမ္မတ ဂျင်မီ မောရေးစ်ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောခဲ့ပြီး

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး ဟိုတိုဗီလီကလည်း သူတို့ကို ထောက်ခံတဲ့ နိုင်ငံ ၁၀နိုင်ငံရဲ့ အမည် ကို ထုတ်ဖော်မပြောပေမယ့် ခရစ်ယာန် ထုံးတမ်းစဉ်လာမှာတော့ အမြောက်အမြား အားကောင်းနေ ဆဲပဲလို့ ဆိုထားပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီး အီမန်စဖာဒီကတော့ ဂွာတီမာလာရဲ့ ဆုံးဖြတ်ချက်ဟာ ယုတ္တိမရှိဘဲ အာရပ်နဲ့ အစ္စလာမ်တွေရဲ့ ဒေါသကို ဆွပေးရာရောက်သလို၊ နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက် တာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် အသိအမှတ်ပြုကာ သံရုံကိုလည်း တဲလ်ဗစ်မြို့ကနေ ပြောင်းမယ်လို့ ကြေညာပြီးနောက်မှာ အစ္စရေးသိမ်းပိုက်ရာ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်းနဲ့ အစ္စရေးတွေအကြား ပဋိပက္ခဖြစ်ပွားပြီး၊ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တွေလည်း ဒုံးကျည်နဲ့ ပစ်သလို၊ အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ တုံ့ပြန်ပါတယ်။

အစ္စလာမ်မစ် နိုင်ငံများအဖွဲ့ OIC ကတော့ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading