သတင်းတို

တိုက်ချင်းပစ် ဒုံးလက်နက်ထုတ်ရာ၌ အဓိကကျသူ မြောက်ကိုရီးယား ၂ဦး အမေရိကန်အရေးယူ

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးပျံအစီအစဉ်မှာ အဓိကကျတဲ့ ပညာရှင် ၂ဦးဖြစ်တဲ့ ကင်ဂျောင်ဆစ်နဲ့ ရီပြုံချူးတို့ကို အမေရိကန်ရဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

ကင်ဂျောင်ဆစ်ကိုတော့ မြောက်ကိုရီးယားဒုံးကျည်တွေ လောင်စာအရည်သုံးမှ လောင်စာခဲသုံးအဖြစ် နည်းလမ်းရှာတဲ့ စီမံ ကိန်းမှာ အဓိကသူတဦးဖြစ်ပြီး၊ ရီပြုံချူးကတော့ တိုက်ချင်းပစ် ဒုံးပျံ တည်ဆောက်ရေးမှာ အဓိကကျတဲ့သူတွေဖြစ်တာ ကြောင့် အရေးယူပိတ်ဆို့ရခြင်းဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနကဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်းက ဒီလိုအရေးယူမှု ပြုလုပ်ရတာဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီး ယား လက်နက်ကင်းစင်ရေးနဲ့ မြောက်ကိုရီးယား အထီးကျန်ဖြစ်စေရေး အတွက် ပဲ့ထိန်းဒုံးပျံအစီအစဉ်မှာ ပါဝင်ဦးဆောင် သူတွေကို ပစ်မှတ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားကို သန့်စင်ပြီး ရေနံထုတ်ကုန်များ ရောင်းချ ခြင်းကို ကန့်သတ်ရန်၊ အခြားသော အဓိက ပို့ကုန်များကို ပိတ်ဆို့အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် နိုင်ငံများက အဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်း သဘောတူခဲ့ပါတယ်။

ဒီလို ကုလသမဂ္ဂ အရေးယူမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကတော့ စစ်မက်ဖြစ်ပွားအောင် ဖန်တီးနေတယ်လို့ ပြောဆို တုံ့ပြန်ခဲ့ပြီး၊ အမေရိကန်အနေနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆန္ဒရှိပါက ပြုံယမ်းရဲ့ နျူကလီးယား လက်နက်အစီ အစဉ်နဲ့ ပတ်သက်ပြီး ပူးပေါင်းအဖြေရှာသင့် တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကို ထပ်တလဲလဲ ဖိအားပေးခြင်းဟာ နျူကလီးယား လက်နက်ပိတ်ပင်ရေး မျှော်မှန်းချက် အထမြောက်မှာမဟုတ်သလို စစ်မက်ဖြစ်ပွားရေးကိုသာ ဦးတည်စေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ရုရှားနှင့်တရုတ်တို့ကတော့ သံတမန်နည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းသလို၊ မြောက်ကိုရီးယား နျူကလီးယား စမ်းသပ် မှုကိုသာမက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့် နေခြင်းကို ရပ်တန့်ဖို့ ပြောပေမယ့် အမေရိကန်က ပယ်ချခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading