ဘင်္ဂလားဒေ့ရှ် လေတပ်မှ လေ့ကျင့်ရေးလေယာဉ်တစီးဟာ ကော့ဘဇားရဲ့ Moheshkhali ကျွန်းမှာ ဒီကနေ့ ညနေပိုင်းက ပျက်ကျသွားတယ်လို့ Dhaka Tribune သတင်းကဆိုပါတယ်။
ကော့ဘဇားလေဆိပ်မန်နေဂျာ အဆိုအရ အဲဒီလေ့ကျင်ရေးလေယာဉ်ဟာ ဒီကနေ့ ညနေ ၆နာရီ ၃၀မိနစ် လောက်မှာ ပူတီဘီလာ တဝိုက်မှာ ပျက်ကျခြင်းဖြစ်တယ်လို့ ဆိုသလို၊ ရုပ်မြင်သံကြား သတင်းဌာန တွေကတော့ ဘင်္ဂလားဒေ့ရှ် လေတပ်လေယာဉ် ၂စီးဟာ လေထဲမှာ တိုက်မိတာလို့ ဆိုပါတယ်။
ပျက်ကျတဲ့နေရာတဝိုက်ကို မီးသတ်ယာဉ် အများအပြားဟာ သွားရောက်မီးငြိမ်းသတ်ခဲ့ပြီး၊ ဒဏ်ရာရရှိ တာတွေ အသေအပျောက်ရှိမရှိ အတိအကျမသိရသေးသလို၊ ပျက်ကျတဲ့ လေ့ကျင့်ရေးလေယာဉ်ဟာ ဘာအမျိုးအစားဖြစ်တယ်ဆိုတာ မကြေညာသေးပါဘူး။
ဘင်္ဂလားဒေ့ရှ် လေတပ်ဟာ ရုရှားလုပ် Yak အမျိုးအစား အမောင်းသင်လေယာဉ်တွေ ဝယ်ယူထားပြီး ၊ Yak -8 လေယာဉ်တစီးဟာ ညနေ ၆နာရီ ၁၅ မိနစ်လောက်မှာ ရေဒါကနေ ပျောက်သွားတယ်လို့ Daily Sun သတင်းကဆိုပါတယ်။