သတင်းတို

နှစ်သစ်ကူး မူးယစ်မောင်းနှင်ပါက လူနှင့်အတူ ယာဉ်ကိုပါ ဖမ်းမည်ဟု ထိုင်းစစ်တပ်ပြော

Want create site? Find Free WordPress Themes and plugins.

ထိုင်းတပ်မတော်အနေဖြင့် မကြာခင်ကျရောက်မည့် နှစ်သစ်ကူး ပိတ်ရက်ကာလအတွင်း ယာဉ်စည်း ကမ်းစိစစ် တင်းကြပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ရန်ရှိပြီး၊ မူးယစ်သောက်စား ယာဉ်မောင်းသူများ တွေ့ရှိ ပါက လူသာမက ယာဉ်ကို ဖမ်းဆီးမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလန်ချိုင် ဆစ်သီဆတ်က မနေ့ကပြောလိုက်သည်။

စစ်တပ်က ယာဉ်စည်းကမ်းထိန်းသိမ်းမှုလုပ်ငန်း၌ ပါဝင်ပတ်သက်လာခြင်းမှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ပုဒ်မ ၄၄ အမိန့်အရ လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်းက စတင်ကာ ယာဉ် မတော် တဆများ မဖြစ်ပွားစေရန် ကာကွယ်ထိန်းသိမ်းရာတွင် ပါဝင်ခဲ့ရာ၊ ယာဉ်မတော်တဆဖြစ်မှုကို လျော့ချနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် နှစ်ကူးပိတ်ရက်များအတွင်း ခရီးသွားလာမှု အင်မတန်များပြားကာ ထောင်နှင့်ချီသော ပြည်သူများ ဘန်ကောက်မြို့မှ ထွက်ခွာကာ နယ်အသီးသီးရှိ ၎င်းတို့နေအိမ်များထံ ပြန်ကြသည်။

ထိုအစီအစဉ်အရ မူးယစ်သောက်စား မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးပြီး သက်ဆိုင်ရာခရိုင် အတွင်းတွင်သာ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအနေဖြင့် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး၊ ယာဉ်ကို နှစ်ကူးပိတ်ရက် ကျော်လွန်မှသာ ပြန်လည်ရယူခွင့်ရှိမည်ဟု ဆိုသည်။

ထိန်းသိမ်းထားသောယာဉ်များကို လုံခြုံရေးကင်မရာတပ်ဆင်ထားသည့် နေရာများတွင်စောင့်ကြည့် ထိန်းသိမ်းထားပြီး မူလယာဉ်မောင်း ပြန်လည်ထုတ်ယူသည့် အချိန်အထိ မပျောက်ဆုံး အောင် လုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချာလန်ချိုင်က ပြောသည်။

နှစ်ကူးပွဲတော်စတင်သည်နှင့် ထိုင်းစစ်သားများကို အဓိကလမ်းမကြီးများနှင့်ဒုတိယဦးစားပေးလမ်း များရှိ စိစစ်ရေးပွိုင့်များတွင် တာဝန်ချထားမည်ဖြစ်ပြီး၊ ဒေသအာဏာပိုင်များနှင့်ပူးပေါင်းကာ ယာဉ် သွားလာမှုများအဆင်ပြေချောမွေ့စေရေးနှင့်အများပြည်သူအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ကြ မည်ဟုသိရသည်။

“ယာဉ်မတော်တဆမှုကျဆင်းတယ်ဆိုတာ ယာဉ်စည်းကမ်းစိစစ်ကြီးကြပ်မှုအပေါ်မှာ မမူတည်ပါဘူး။ ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ် မူတည်နေပါတယ်။ မိသားစုတွေက ကိုယ့်ချစ်ခင်မြတ်နိုးတဲ့ အိမ်သားတွေကိုလည်း ဂရုတစိုက်နဲ့ ယာဉ်ကိုမောင်းနှင်ကြဖို့ သတိပေးသင့်ပါတယ်” ဟု ၎င်းကပြော သည်။

ထို့အပြင် အများပြည်သူ နှစ်သစ်ကူးပွဲတော်ဆင်နွှဲမည့်နေရာများတွင် လုံခြုံရေးပေးနိုင်ရန်အတွက် ထိုင်းစစ်သားများကို တာဝန်ချထားမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading