နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်က သူမလွတ်မြောက်ရေး လှုပ်ရှားခဲ့သူ U2 တေးဂီတအဖွဲ့မှ အဆိုတော် ဘိုနိုက သူမအနေဖြင့် ရာထူးမှ နုတ်ထွက်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
ဘိုနိုဟာ ၂၀၀၀ ပြည့်နှစ်က Walk On သီချင်းဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံ မျက်နှာဖုံးတပ်ကာ Live လွှင့်ကာ သီဆို ရပ်တည်ခဲ့သူဖြစ်ပြီး၊ အခုအခါမှာတော့ မွတ်စလင် ဒုက္ခသည် အကျပ်အတည်းနဲ့ သွေးထွက်သံယိုမှု ပုံရိပ်များကို ကြည့်ကာ စိတ်မသက်မသာဖြစ်မိတယ် လို့ ထုတ်ဖော်ပြောဆိုပါတယ်။
“ကျနော်တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ခိုင်လုံတဲ့ အထောက်အထား အားလုံးအရ မယုံကြည်နိုင်လောက်အောင် ဖြစ်ရလို့ပါပဲ၊ ဒါတွေဟာ လူမျိုးရေး သုတ်သင်မှုပါ” လို့ နောက်ဆုံးထုတ် Rolling Stone မဂ္ဂဇင်းမှာ ပြောထားပါတယ်။
ဒါ့အပြင် ဘိုနိုက “သူမအနေနဲ့ တိုင်းပြည်ကို စစ်တပ်လက်ထဲ ပြန်ရောက်မှာကို မလိုလားဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ ယုတ်စွအဆုံး ထွက်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။
ဘိုနို နေထိုင်ရာ အိုင်ယာလန်နိုင်ငံက ဒဗ္ဗလင်မြို့မှာလည်း ယခုလစောစောပိုင်းက ရခိုင်ပြည်က မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး သူမကိုင်တွယ်ပုံကို ကန့်ကွက်သည့်အနေဖြင့် မြို့တော်ဆု ပေးအပ်ထားခြင်းကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။