ကူဝိတ်စစ်ဘက် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ့်လေတပ်မှ ရဟတ်ယာဉ်တစီးဟာ ဒီကနေ့ မနက် ၁၀နာရီ ၁၈မိနစ်မှာ ဆရီမန်ဂယ်မြို့က နယ်ခြားစောင့်တပ်စခန်းအတွင်း ပျက်ကျ သွားတယ်လို့ Dhaka Tribune သတင်းကဆိုပါတယ်။
ရဟတ်ယာဉ်ပေါ်မှာတော့ ကူဝိတ်စစ်တပ်က ကိုယ်စားလှယ် ၂ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ့် စစ်ဘက် အရာ ရှိကြီးများ ၁၆ဦးခန့် လိုက်ပါလာတယ်လို့ သိရပြီး၊ လိုက်ပါလာသူများဟာ အသေအပျောက်မရှိ ကြောင်း၊ သူတို့ဟာ ဆရီမန်ဂယ်ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် လေတပ် လေ့ကျင့်ရေးလေယာဉ်တစီးလည်း ပျက်ကျသွားခဲ့ပါသေးတယ်။