သတင်းတို
နှစ် ၇၀မြောက် လွတ်လပ်ရေးနေ့ အမေရိကန်သမ္မတ ထရမ့် သဝဏ်လွှာပေးပို့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနက်ဖြန် ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အတွက် သမ္မတ ဦးထင်ကျော်ထံ ယနေ့သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် ဆုမွန်ကောာင်းတောင်းကြောင်း ပြောကြားလိုက်ပါတယ်။
အလားတူ ၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သည့် ဒီမိုကရက်တစ် စံတန်ဖိုး များ အဓိကအရေးပါလျှက် ရှိနေသေးကာ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင် နေတဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံအဖြစ်သာမက လက်တွဲဖက် နိုင်ငံအဖြစ်ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း လည်းဖော်ပြထားပါတယ်။