သတင်းတို

လူသတ်ဝရမ်းပြေး ဂျပန်ရာကူဇာ ဂိုဏ်းခေါင်းဆောင် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ပြိုင်ဘက် ဂိုဏ်ခေါင်းဆောင် ကို သတ်ကာ ၁၄နှစ်ကြာ ထွက်ပြေးနေတဲ့ ဂျပန်ရာကူဇာ ဂိုဏ်းခေါင်း ဆောင်တဦးကို ထိုင်းနိုင်ငံ လော့ဘူရီခရိုင်မှာ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိ ရာကူဇာ ဂိုဏ်းခေါင်းဆောင် ရှင်အီဟာရု ရှီရိုင်ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)၊ ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လော့ဘူရီခရိုင် သဟင်ကျေးရွာမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

လူသတ်ဝရမ်းပြေး ရာကူဇာခေါင်းဆောင် (ဓာတ်ပုံ – Bangkok Post)

၂၀၀၃ ခုနှစ်က သူဟာ တခြားသူ ၇ဦးနဲ့ ပေါင်းကာ ပြိုင်ဘက် ရာကူဇာ ဂိုဏ်း ခေါင်းဆောင်ကို သတ် ဖြတ်ပြီးနောက် ဂျပန်မြေမှ ထွက်ပြေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံမှာ ပုန်းအောင်နေပြီး ထိုင်းအမျိုးသမီး တဦးနှင့် အိမ်ထောင်ကျခဲ့တာကို ဂျပန်အာဏာပိုင်တွေ သတင်းရရှိကာ ထိုင်းရဲတပ်ဖွဲ့ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်ပါတယ်။

သူဟာ ကိုယ်ပေါ်မှာ ဆေးမင်ကြောင်အပြည်ထိုးထားကာ လက်ချောင်းတချောင်းလည်း ပြတ်နေ တဲ့အတွက် ဒါတွေဟာ ရာကူဇာ ဂိုဏ်းသားဖြစ်တယ်ဆိုတာကို ပြနေတယ်လို့ ဆိုပါတယ်။

Khaosod သတင်းရဲ့အဆိုအရတော့ သူဟာ သဟင်ကျေးရွာက ဈေးမှာ ဈေးဝယ်သလို ဒေသခံတွေနဲ့ လည်း တနေ့လုံးနီးပါး စစ်တုရင်ကစားကာ သူကို ကိုဘူယီ လို့ခေါ်ပြီး ဘယ်သူကမှ ရာကူဇာဂိုဏ်း ခေါင်းဆောင်လို့ မသိကြကြောင်း၊ သူဟာ အရပ်ထဲက လူငယ်တွေကို သူ့ရဲ့ ဆာမူရိုင်း တက်တူးတွေ ကို ပြလေ့ရှိရာ သူ့ရဲ့ တက်တူးတွေကို ပြသနေတဲ့ ဓာတ်ပုံဟာ Facebook မှာ တင်ခြင်းခံခဲ့ရပါတယ်။

Loading