ရန်ကုန်မြို့တွင် ဖောက်လုပ်မည့် အရှည် ၂၀.၅ ကီလိုမီတာ ရှိ လေးလမ်းသွား တောင်- မြောက် Elevated Express-way Toll Road မိုးပျံလမ်း စီမံကိန်း အတွက် ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှု များဆိုင်ရာ သဘောတူစာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Inter- national Finance Corporation (IFC) တို့ မနေ့က လက်မှတ်ရေးထိုးကြောင်း အစိုးရသတင်းကဆိုသည်။
ယင်း စီမံကိန်းသည် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ကူညီဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ဟံသာဝတီ လေဆိပ်အသစ် စီမံကိန်း၊ ရန်ကုန်- မန္တလေး အမြန်လမ်း စီမံကိန်း၊ သီလဝါ စက်မှုဇုန်တို့နှင့် ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အရည် အသွေးနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင် International Finance Corpora-tion (IFC) ကို Advisory Transac-tion ဆိုင်ရာများကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု စီမံကိန်းသည် ရန်ကုန် Inner Ring Road ၏ အရှေ့ ဘက်ခြမ်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှု ဇုန်အထိအပိုင်း ၂၂ ဒသမ ၅ ကီလိုမီတာ ဖြစ်ပြီး ၊ မင်္ဂလာဒုံ စက်မှုဇုန်မှ အမှတ်(၃) လမ်းမကြီးမှ တဆင့် လက်ရှိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးနှင့် သွားရောက်ဆက် သွယ်မည့် အပိုင်း ၁၅ ကီလိုမီတာ ဖြစ်သည်။
ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၃ ကီလိုမီတာရှည်သည့် အမြန်လမ်းဖြင့် ချိတ်ဆက် ကာ ဟံသာဝတီလေဆိပ်အသစ်ဖြင့် ချိတ်ဆက်ရန် ရည်ရွယ်ပြီး၊ ရန်ကုန်မြို့တွင်းမှ မင်္ဂလာဒုံ အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ မိနစ် ၂၀ခန့်ဖြင့် လည်းကောင်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၅၅ မိနစ်ခန့်ဖြင့်လည်းကောင်း သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။