အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့လယ်က စတော့အိတ်ချိန်း အဆောက်အအုံတခုရဲ့ ကြမ်းခင်း ပြိုကျ ပျက်စီးရာမှာ လူအများအပြား အပျက်အစီးများ အောက်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ ဓာတ်ပုံများအရ ဒဏ်ရာရပြီး လဲကျနေသူတွေကို တွေ့ရသလို အဆောက် အအုံပျက်စီးမှုများကိုလည်း တွေ့ရပါတယ်။
အဆောက်အအုံရဲ့ ဘယ်အစိတ်အပိုင်း ပြိုကျတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် Metro TV ရဲ့ ကြေညာချက်အရတော့ လသာဆောင် အမိုးပြိုကျတယ်လို့ ဆိုပြီး၊ ABC သတင်း ထောက်ကမူ လူအများအပြားရှိနေတဲ့ ဧည်ခန်းအဝင်ခန်းမ မျက်နှာကျက် ပြိုကျတာလို့ ဆိုပါတယ်။
Reuters သတင်းဌာနကတော့ မျက်မြင်သက်သေများကို ကိုးကားပြီး စတော့အိတ်ချိန်းအဆောက် အအုံရဲ့ ဒုတိယထပ်ပြိုကျတယ်လို့ ဆိုပြီး လူ ဒါဇင်နှင့်ချီဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စတော့အိတ်ချိန်းဌာန အကြီးအကဲရဲ့ ကိုယ်ရေးအရာရှိ ဗင်ဒီက အဆောက်အအုံ ဒုတိထပ် ပြိုကျတာ ဖြစ်တယ်၊ ပြိုကျစဉ်မှာ သူဟာ အိတ်ချိန်းအတွင်းမှာ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။