ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံသို့ သွားရောက်ပြီး နှစ်နိုင်ငံ ရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေး၊ ရေကြောင်း လုံခြုံရေး၊ စစ်ရေယာဉ်များ အပြန်အလှန် လည်ပတ်ရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ် များ တိုးမြှင့်ရေးတို့ကို ဆွေးနွေးကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန် ပါ တယ်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ အဖွဲ့ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဦးစီး ချုပ် စင်ကျန်းလုံရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၂ရက်နေ့က သွားရောက်ခြင်းဖြစ်ပြီး တရုတ် ကာကွယ်ရေးဝန်ကြီး၊ ရှန်ဟိုင်း ရေတပ် အခြေစိုက် စခန်းဌာနချုပ်မှူးတို့နဲ့ပါ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ အဖွဲ့ဟာ နန်ကျင်း ရေတပ်စစ်ဦးစီး တက္ကသိုလ်၊ ရှန်ဟိုင်းရေတပ် စခန်းဌာနချုပ်၊ ဝူဆောင်းဆိပ်ကမ်းရှိ စစ်ရေယာဉ် ၅၇၈ နှင့် ရေတပ်ဆေးတက္ကသိုလ်များသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဇန်နဝါရီလ ၁၆ရက်နေ့က နေပြည်တော်သို့ ပြန်လည် ရောက်ရှိ လာ ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရလုံခြုံရေး ကင်းစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်က လက်တုံ့ပြန်တိုက်ခိုက်မှုကို ကုလ သမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က လုံခြုံရေး ကောင်စီ အထူးအစည်းအဝေး များ ခေါ်ကာ ပြစ်တင်ရှုတ်ချခဲ့ပေမယ့် တရုတ်နဲ့ ရုရှားကတော့ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ပါတယ်။
အဲဒီအတွက်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးသွားရောက်ပြီး မြန်မာဘက်က ရပ်တည်တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုကာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲ စစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီကျူးဝေါချင်း အပါအဝင် တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ကတော့ ဘင်္ဂလီ ၆သိန်းခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတာနဲ့ ပတ်သက် ပြီး အမေရိကန် လူမျိုးဖြုတ်ရှင်းလင်းရေး လို့ ခေါင်းစဉ်တပ် ခေါ်ဝေါ်ခဲ့သလို၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းသွင်းခဲ့ ပါတယ်။
မြန်မာရေတပ်ဟာ တရုတ်နဲ့သာမက အိန္ဒိယ၊ ရုရှား စတဲ့နိုင်ငံရေတပ်များနဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေရာ လက်ရှိအချိန်မှာပင် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ မှစစ် ရေယာဉ် ICGS SHAUNAK နှင့် ICGS RAJSHREE တို့ လာရောက်လည်ပတ်နေပါတယ်။