သတင်းတို

ဖိလစ်ပိုင် မေယွန်မီးတောင် အနီရောင်ချော်ရည်ပူများ ပိုမိုစီးကျလာနေ

ဖိလစ်ပိုင်နိုင်ငံ အယ်လ်ဘေး ပြည်နယ်ရှိ မေယွန်မီးတောင်မှာ ပိုမိုလှုပ်ရှားလာနေပြီး အနီရောင်ချော် ရည်ပူများ မှုတ်ထုတ်ကာ အများအပြား စီးကျလာသဖြင့် အနီးရှိ ကျေးရွာမှ လူပေါင်း ၂၁၀၀၀ ကို ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းခဲ့ရပြီး မီးတောင်တဝိုက် ကမ္ဘာလှည့် ခရီးသွားများ လာရောက်ခြင်း ကိုလည်း တားမြစ်လိုက်သည်။

ချော်ရည်ပူများသည် ၂ကီလိုမီတာ အကွာအထိ ကျလာပြီဖြစ်ရာ မေယွန်မီးတောင်၏ ကောင်းကင်ယံ တွင် အခိုးအငွေ့များကြောင့် တိမ်တိုက်များဖြစ်လာကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာသိပ္ပံ ကျောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

မီးတောင်ပြာများလည်း အယ်လ်ဘေးပြည်နယ် အနောက်မြောက်ဘက် ရွာများဆီသို့ ကျဆင်းနေ ကြောင်းလည်း သိရသည်။

မီးတောင်ပတ်လည် ၆ကီလိုမီတာမှ ၇ ကီလိုမီတာ အတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ကာ လူများ မသွားဖို့ တားမြစ်ထားပြီး၊ ဒေသခံတချို့ ၎င်းတို့နေအိမ်များ၊ လယ်ယာများနှင့် တိရစ္ဆာန်များကို သွား ရောက်ကြည့်ရှု့ခြင်း၊ ကမ္ဘာ့လှည့်ခရီးသွားများ မီးတောင်ကို အနီးကပ်လာရောက်ကြည့်ရှု့ခြင်းကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။

Loading