ပြင်းအား ၅.၇ မဂ္ဂနီကျု့ ငလျင်တခု ထိုင်ဝမ်ကျွန်း မြို့တော် တိုင်ပေမှ ယနေ့ နေ့လည် ၁နာရီ ၅၉ မိနစ်က လှုပ်ခတ်သွားကြောင်း၊ ဒေသခံများ၏ အဆိုအရ အဆောက်အအုံများ ငလျင်ကြောင့် လှုပ်ယမ်းနေကြောင်း သိရပါတယ်။
ငလျင်ဗဟိုချက်ဟာ မြို့တော် တိုင်ပေရဲ့ မြောက်ဘက် ၁၂ ကီလိုမီတာအကွာ၊ မြေအောက် အနက် ၁၄၀ ကီလိုမီတာမှာ ဖြစ်ပြီး အပျက်အစီးနဲ့ အသေအပျောက်ရှိတယ်လို့တော့ ပြောဆိုခြင်းမရှိပါဘူး။
ထိုင်ဝမ်ကျွန်းဟာ ပစ္စိဖိတ်သမုဒ္ဒရာရှိ ငလျင်ဧရိယာထဲမှာ ကျရောက်နေတဲ့အတွက် မကြာခဏဆိုသလို ငလျင်များ လှုပ်ခတ်ရာ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက လှုပ်ခတ်ခဲ့တဲ့ ၆. ၄ မဂ္ဂနီကျု့ ရှိ ငလျင်ကြောင့် လူပေါင်း ၁၁၇ ဦးသေဆုံးကာ ၅၅၀ ဦး ဒဏ်ရာရခဲ့ပါတယ်။