အီတာလျံ- ထိုင်း (ITD) ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရန်ချိုင်း ကာနာစုတာကို ကန်ချနဘူရီ ပြည်နယ်ရှိ သန်ချိုင်း နရဲစွမ် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် အမဲလိုက်သည့်အတွက် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုပါ တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၆၃ နှစ် အရွယ်ရှိ မစ္စတာပရန်ချိုင်းဟာ နရဲစွမ် သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းမှု ဧရိယာ၏ မြောက်ပိုင်းရှိ ဟွိုင်းပချီတော အတွင်း တားမြစ်ထားသည့် ကန့်သတ်မှုကို ချိုးဖောက်ကာ အမဲလိုက်သဖြင့် တောခေါင်းများက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုဖမ်းဆီးမှုတွင် မစ္စတာ ပရန်ချိုင်းနှင့်အတူ ITD ဝန်ထမ်း ၃ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့နှင့် အတူ ပြောင်းရှည် တောပစ်သေနတ် ၃လက်နှင့် ခဲယမ်းများ၊ ပစ်ခတ် ထားတဲ့ ကျားသစ်နက် တကောင်၊ ဆတ်တကောင်နှင့် ရစ်တကောင်ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
သူတို့ကို သဘာဝတောရိုင်းထိန်းသိမ်းမှုဧရိ
မစ္စတာပရန်ချိုင်းနဲ့ အပေါင်းအပါ ၃ဦးဟာ သဘာ၀ တောရိုင်းထိန်းသိမ်းရေး ဧရိယာအတွင်း ပြီးခဲ့တဲ့ စနေနေ့က ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး၊ တောအုပ်နှင့် တောခေါင်း အရာရှိများထံ တညအိပ် နှစ်ရက်ခရီး သွားရောက်မည်ဟု ခွင့်တောင်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။