သတင်းတို

ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေး မြန်မာ့တပ်မတော်ကို အိန္ဒိယ သင်တန်းပေး

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယတပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စ၍ မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက် လေ့ကျင့်သင်တန်းပေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ကြေညာချက်တစောင်က ဆိုသည်။

မဝေးတော့သည့် အနာဂတ်ကာလတွင် ကုလသမဂ္ဂ၏ တာဝန်ပေးအပ်မှုများကို ဆောင်ရွက်ရာတွင် ၎င်းတို့၏ စွမ်းဆောင် ရည်များ တိုးတက်လာရေး အတွက် ရည်ရွယ်သည့် ၁၅ ရက်ကြာသင်တန်းတွင် မြန်မာ့တပ်မတော်မှ အနည်းဆုံး လူ ၃၀ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း အိန္ဒိယ တပ်မတော်က ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ပူးပေါင်းလေ့ကျင့်သည့် ကိစ္စများက အိမ်နီးချင်းနိုင်ငံများကြားတွင် ပိုမိုကောင်းမွန်သော ဆက်ဆံမှုများ မွေးမြူ စောင့်ရှောက်ရေး အတွက် ရည်ရွယ်သော အဓိကကျသည့် ဆောင်ရွက်မှု ဟု ဆိုသည်။

ဆယ်စုနှစ် ၇ ခုနီးပါး ကုလသမဂ္ဂတပ်ဖွဲ့တွင် ပါဝင်ခဲ့သည့် ကာလအတွင်း အိန္ဒိယ တပ်မတော်၏ အတွေ့အကြုံများပြား မှုနှင့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများတွင် ၎င်း၏ ပရော်ဖက်ရှင်နယ်ဆန်သည့် ချဉ်းကပ်မှုက ယခုကဲ့သို့သော သင်တန်းမျိုး အတွက် အရည်အသွေး နှင့် တန်ဖိုးကို ဆောင်ယူပေးမည် ဖြစ်ကြောင်းလည်း ကြေညာချက်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading