သတင်းတို

ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ဦးသေဆုံး

ရုရှား Saratov လေကြောင်းလိုင်းမှ လူ၇၁ ဦးလိုက်ပါလာတဲ့ အန်တိုနောဗ် An-148 အမျိုး အစား လေယာဉ်တစီး မော်စကိုဒေသမှာ ယနေ့ပျက်ကျသွားခဲ့ပါတယ်။

အဆိုပါလေယာဉ်ဟာ ဒိုမိုဒီဒိုဗိုလေဆိပ်ကနေ ထွက်ခွာစဉ် အာဂူနိုဗို ကျေးရွာ အပြင်ဘက်မှာ ပျက်ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတွေကတော့ အဆိုပါလေယာဉ်ဟာ ပျက်ကျပြီးနောက်မှာ မီးလောင်ကျွမ်းခဲ့ တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၆၅ဦး၊ အမှုထမ်း ၆ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပြီး အသက်ရှင်ဖို့ အခွင့်အလမ်းမရှိဘူးလို့ ဆိုပါတယ်။

လေယာဉ်အပျက်အစီး အပိုင်းအစတွေဟာ အဲဒီဒေသမှာ ပျံ့ကျဲနေတယ်လို့ သိရပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။

Loading