သတင်းတို

အိုလံပစ်ပွဲကာလ ခွေးသားဟင်း မရောင်းဖို့ မေတ္တာရပ်ခံချက် စားသောက်ဆိုင်များ ငြင်းဆန်

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံ ဆောင်းရာသီ အိုလံပစ်ပွဲကာလ ပြုံချမ်းဒေသတွင် ခွေးသားဟင်းရောင်းချမှုကို ရပ်တန့်ထားရန် အစိုးရ၏ မေတ္တာရပ်ခံချက်အား စားသောက်ဆိုင်များက ငြင်းဆန်ထားကြောင်း သိရသည်။

အာဏာပိုင်များ၏ တားမြစ်ချက်ကို စားသောက်ဆိုင်ပိုင်ရှင်များက ဝင်ငွေမရမည်ကို စိုးရိမ်သည် ဆို သော အကြောင်းပြချက် ဖြင့် ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ စားသောက်ဆိုင်များသည် ဝက်သားဟင်းကို ပြောင်းကာ ရောင်းချရန် ကြိုးစားသော်လည်း ရောင်းအား တဖြည်း ဖြည်း ကျဆင်းလာသဖြင့် မူလရောင်းနေသည့် ခွေးသားကို ပြန်လည်ရောင်း ချခြင်းဖြစ်ကြောင်း ပြုံချမ်းဒေသ အစိုးရ တာဝန်ရှိသူ လီဟောင်ဘေးက ပြောသည်။

“ဆိုင်ရှင်တွေဆီက သူတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်ရကောင်းလားဆိုပြီး ဆင်ခြေတွေ အများကြီး တက် တာကို ကျနော်တို့ရင်ဆိုင်နေရပါတယ်” ဟု ၎င်းအစိုးရတာဝန်ရှိသူက ပြောသည်။

တချို့သော ဆိုင်ရှင်များကမူ ဟင်းလျာများ ကြော်ငြာဆိုင်းဘုတ်၌ ခွေးသားဟင်းအစား ဆိတ်သား ဟင်းချို ဟု ပြောင်းလဲ ကြော်ငြာကာ နိုင်ငံခြားသာများ အစားအသောက်မှာယူရာတွင် လမ်းလွှဲနိုင်ရန် လုပ်ဆောင်နေသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရိုးရာဓလေ့ထုံးစံအရ ခွေးသားဟင်းလျာဖြင့်တည်ခင်းဧည့်ခံခြင်းမှာ သိသိသာသာ လျော့ပါး နေပြီဖြစ်ပြီး အထူးသဖြင့် လူငယ်များကြားတွင် ခွေးများကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးနေကြပြီဖြစ်သည်။

သို့သော် စားသောက်ဆိုင်များ၌မူ ခွေးသာဟင်းလျာ ရောင်းချပေးနေဆဲဖြစ်ပြီး ဆိုင်ရှင်ကိုလည်း ဥပဒေအရ အပြစ်ပေး ခြင်းမရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading