သတင်းတို
အီရန်ခရီးသည်တင်လေယာဉ်ပျက်ကျ၊ ၆၆ဦးသေဆုံး
အီရန် Aseman လေကြောင်းလိုင်းမှ ATR – 72 အမျိုးအစား ခရီးသည်တင်လေယာဉ်တစီးဟာ မြူဆိုင်းနေတဲ့အတွက် တောင်ထူထပ် ရာ တောင်ပိုင်းဒေသမှ ပျက်ကျသွားရာ လေယာဉ်ပေါ်ပါ လူ ၆၆ ဦးသေဆုံးသွားတယ်လို့ အီရန်ISNA သတင်း က ဆိုပါတယ်။
အဆိုပါလေယာဉ်ဟာ မြို့တော် တီဟီရန်ကနေ Yasuj မြို့ကို သွားတာဖြစ်ပြီး၊ တောင်ပိုင်း ဝေးလံတဲ့Semirom မြို့အနီး တောင်ထူထပ်ရာ ဒေသမှာ ပျက်ကျသွားတာတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဌာန ပြောခွင့် မော့ဂျ်တာဘ ခါလီဒီရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ယခုအခါမှာ လေယာဉ်ပျက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေပေမယ့် ရာသီဥတု ဆိုးရွားမှုက နှောင့်နှေးစေတယ်လို့ သိရပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၆၀နဲ့ အမှုထမ်း ၆ဦးပါပြီး ခရီးသည်တွေထဲမှာ ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။