သတင်းတို

တယ်လီနောရဲ့ ဝန်ဆောင်မှုသစ် Data Tan Tanနှင့် Data Myan Myan

Telenor သုံးစွဲသူတို့ စိတ်တိုင်းကျ ထိန်းချုပ်သုံးစွဲနိုင်မည့် Data Tan Tan (ဒေတာ တန်တန်)နှင့် Data Myan Myan (ဒေတာမြန်မြန်) ဝန်ဆောင်မှုသစ် ၂ခုကို မနေ့က ရန်ကုန်တယ်လီနော ရုံးချုပ် တွင် စတင်မိတ်ဆက်သည်။

“အချိန်နဲ့ တပြေးညီ ပြောင်းလဲသုံးစွဲနိုင်တယ်၊ ငွေကြေးထပ်ပေးစရာမလိုဘူး၊ အခမဲ့၊ Telenor သုံးစွဲ သူတွေထဲမှာ အင်တာ နက် သုံးရတာကို ကြိုက်နှစ်သက်တဲ့သူ အမျိုးမျိုးရှိတယ်၊ ကျနော်တို့ ဒီဒေတာ ဝန်ဆောင်မှု ပုံစံ ၂မျိုးဟာ သုံစွဲသူတွေ အနေနဲ့ အသုံးပြုမှု ပမာဏ၊ ကုန်ကျစရိတ်နဲ့ အရည်အသွေးကို အပြည့်အ၀ ထိန်းချပ်နိုင်လို့ ဒါဟာ အကောင်းဆုံး ဖြေရှင်း ချက်တခုလို့ ဆိုရမှာပါ”ဟု Telenor မြန်မာ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ဆိုသည်။

Data Tan Tan (ဒေတာ တန်တန်)၏ အားသာချက်များမှာ ဒေတာအမြန်နူန်း သတ်မှတ်ချက်ရှိ သောကြောင့် လူကြိုက် များသော အက်ပလီကေးရှင်းများ အသုံးပြုရာတွင် ပုံရိပ်၏ အရည်အသွေး ထိန်းညှိနိုင်သဖြင့် ကုန်ကျငွေ ၂၀ ရာခိုင်နူန်း အထိ သက်သာမည်ဖြစ်သည်။

Data Myan Myan (ဒေတာမြန်မြန်)၏ ဝန်ဆောင်မှုတွင် တယ်လီနော 4G ကွန်ရက်ပေါ်မှာ ရရှိနိုင် သည့် အမြင့်ဆုံး အမြန်နူန်းနှင့် အင်တာနက် သုံးစွဲနိုင်မည် ဖြစ်ပြီး အွန်လိုင်းတွင် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည်တို့ကို သုံးစွဲသူများအနေနှင့် ကြိုက်နှစ်သက်သည့် ပုံစံမျိုးဖြစ်ကြောင်း သိရသည်။

ယင်းဝန်ဆောင်မှုသစ် ၂ ခုကို သုံးစွဲသူများ အနေနှင့် *979*11# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ ‘TAN’ ဟု ရိုက်နှိပ်ပြီး 500 သို့ စာတိုပေးပို့၍ ဖြစ်စေ မိမိတို့ အသုံးပြုလိုသော အစီစဉ်များကို ရွေးချယ်အသုံး ပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် ဖုန်းဒေတာကို ချွေတာ အသုံးပြုချင်ပါက Data Tan Tan (ဒေတာတန်တန်)ကို အသုံးပြုနိုင်ပြီး၊ ထိုမှ တဆင့် အင်တာနက်နှုန်း မြန်မြန်နှင့် Live များ၊ ဗီဒီယိုများ ကြည့်မည်ဆိုလျှင် ဒေတာမြန်မြန်ကို အချိန်မရွေး ပြောင်းလဲ နိုင်မည် ဖြစ်သည်ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူ များက ရှင်းပြသည်။

လက်ရှိတွင် Telenor Myanmar (တယ်လီနောမြန်မာ)သည် အကြီးမားဆုံးနှင့် အလျှင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် ဒေတာကွန်ရက်မှ တဆင့် မြန်မာနိုင်ငံ တဝန်းရှိ သုံးစွဲသူပေါင်း ၁၉ သန်းကျော် ကို ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပြီး နိုင်ငံအတွင်း အကောင်းမွန်ဆုံး တယ်လီနော 4G ကွန်ရက်ကို လည်း မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၁၃၀ နီးပါးကို လွှမ်းခြုံ ထားကြောင်း သိရသည်။

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းမှစတင်၍ မန္တလေးမြို့မှ တဆင့် မြန်မာနိုင်ငံတဝှမ်းလုံးသို့ စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

Loading