ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်သမားများနှင့် ၎င်းတို့ကို ငှားရမ်းသည့် အလုပ်ရှင်များ အပေါ်ချမှတ် သည့် ပြစ်ဒဏ်များကို လျှော့ပေးမည့် ဥပဒေမူကြမ်းပြင်ဆင်ရေးအတွက် အစိုးရအဖွဲ့က ခွင်ပြုလိုက် ကြောင်း The Nation သတင်းကဆိုသည်။
ယင်းမူကြမ်းအရ အလုပ်ရှင်များအနေဖြင့် တရားမဝင်အလုပ်သမားတဦး ငှားရမ်းပါက ဘတ်ငွေ ၄သိန်းမှ ၈ သိန်းကြားအထိ ချမှတ်ရန် သတ်မှတ်ထားသည့်အပေါ် ယခုအခါ ဘတ်ငွေ ၁ သောင်းမှ ၁သိန်းအကြားသို့ လျှော့ချပေးမည်ဖြစ်သည်။
ထိုအပြင် တရားမဝင်အလုပ်သမားများကို ထောင်ဒဏ် ၅ နှစ်ဟူသော အသုံးအနှုန်းကို ဖယ်ရှားပစ်ရန် ကြိုးပမ်းထားသည်။
ယမန်နှစ်က အသက်ဝင်လာသည့် ပြည်ပလုပ်သားစီမံခန့်ခွဲခြင်းအက်ဥပဒေ ၂၅၆၀ တွင် ပြင်းထန် သည့် ပြစ်ဒဏ်များကျခံရန် အကျယ်တဝင့်ပြဋ္ဌာန်းထားပြီး ၎င်းပုဒ်မ ၄ ခုနှင့် ပတ်သက်၍ နယ်ပယ်အတော်များများက စိုးရိမ်ကြောင်းတုံ့ပြန်မှု ပေါ်ထွက် လာသည့်အပြင် အလုပ်သမားများမှာ ပြည်တော်ပြန်မှု များပြားလာသည့်အတွက် ယမန်နှစ်က ဆိုင်းငံထားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ဥပဒေပြင်ဆင်ချက်ကို ယမန်နေ့က သဘောတူညီကြောင်း အစိုးရ ပြောခွင့်ရ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်စမ် ကေးကန်နတ်က ပြောကြားလိုက်ပြီး၊ ပြစ်မှုအများအပြား အတွက် ပြစ်ဒဏ်များကို လျှော့ပေါ့ လိုက်သည့်အပြင် ယခုဥပဒေ ပြင်ဆင်ချက်မူကြမ်းက ရွှေ့ပြောင်း လုပ်သားများနှင့် ၎င်းတို့အလုပ်ရှင်များအတွက် တချို့ ကိုလည်း ဖြေလျော့ပေးထားပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ထိုင်း ရွှေ့ပြောင်းအလုပ်သမား ဥပဒေသစ် ယာယီဆိုင်းငံ၊ ဖမ်းဆီးများလည်းရပ်ဆိုင်း