သတင်းတို

US - Bangla လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ပျက်ကျ

Want create site? Find Free WordPress Themes and plugins.

ခရီးသည် ၆၇ ဦးကို တင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ ထွက်လာသည့် US – Bangla လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစီး နီပေါနိုင်ငံ ခတ္တမန္ဒူလေဆိပ်ကို ဆင်းသက် စဉ် ယနေ့ ပျက်ကျသွားကြောင်းသိရသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၆၇ဦးနှင့် အမှုထမ်း ၄ ဦးလိုက်ပါလာကြောင်း၊ ထိခိုက်သေ ပျောက်မှု စာရင်းကို ရှင်းလင်းစွာ မကြေညာနိုင်သေးသော်လည်း လူ ၁၇ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း Hindustan Times သတင်းကဆိုသည်။

လေဆိပ်အာဏာပိုင်များ အဆိုအရ အဆိုပါလေယာဉ်သည် မဆင်းသက်ခင်ကပင် မီးလောင်နေသည် ကို တွေ့ရပြီး၊ ပြေးလမ်းနံဘေးတွင် ရပ်သွားခြင်းဖြစ်ကြောင်းသိရသည်။

လေဆိပ်တဝိုက် တိမ်ထူထပ်နေသည့်အပြင် လေယာဉ်ပျက်ကျမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးများကြောင့် လေဆိပ်ကို ချက်ခြင်းပိတ်လိုက်ရသည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading