သတင်းတို

မွန်ပြည်နယ်ဥပဒေအရာရှိနေအိမ် ဖောက်ထွင်းခံရ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက် မောင်ငံဝန်ထမ်းအိမ်ရာအနီးရှိ မွန်ပြည်နယ် ဥပဒေအရာရှိ ဦးဌေးအောင်၏ နေအိမ် ယခုလ ၂၀ ရက်နေ့ က ဖောက်ထွင်းခံရကြောင်း မုပွန်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ညနေ ၅ နာရီလောက်မှ ကျနော်တို့သတင်းရလို့ သွားစစ်ဆေးတော့ တန်ဖိုးကြီးပစ္စည်းတွေတော့ မပါသွားဘူး”ဟု ပြောသည်။

အဆိုပါ ဖောက်ထွင်းခံရမှုတွင် တန်ဖိုးရှိပစ္စည်းများမပါသွားခြင်း မရှိသော်လည်း နေအိမ်အတွင်းရှိ သံသေတ္တာနှင့် အဝတ် အစားထည့်သည့် အိတ်များအတွင်း ရှာဖွေထားသည့် လက္ခဏာများရှိခဲ့သည်ဟုဆိုသည်။

ဖောက်ထွင်းခံရသည့် နေအိမ် / ဧရာဝတီ

ပြည်နယ် ဥပဒေအရာရှိ ဦဌေးအောင်သည် အဆိုပါနေ့က နေပြည်တော်သို့ ခရီးသွားခဲ့ပြီး နေအိမ်အစောင့်လည်း အပြင်သို့ ခဏထွက်သွားချိန် ဖောက်ထွင်းသူမှာ နေအိမ်အတွင်းသို့ မီးဖိုချောင်ခန်းရှိ သွပ်မိုးကြားထဲမှ တဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ သိရသည်။

သက်ဆိုင်ရာရဲစခန်း၏ အဆိုအရ ပစ္စည်းတစုံတရာ မပါသွားသည့်အတွက် အမှုဖွင့်လှစ်ထားခြင်းမရှိဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading