သတင်းတို

မြစ်ထဲပြုတ်ကျခဲ့တဲ့ ၆ ဘီးကား ရှာတွေ့ပြီ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြကြိုးတံတား ပျက်ကျရာတွင် ပါဝင်ပြီး မြစ်ထဲနစ်မြုပ်နေသော ၆ ဘီးကားကို ရှာဖွေ တွေ့ရှိခဲ့ပြီး ကုန်ကားမောင်းသူ သန့်ဇော်ထိုက် (ခ) မဲကြီး၏ အလောင်းအား ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ရွေးမြစ်အတွင်းမှ ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။

မြောင်းမြကြိုးတံတားမှာ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်က ပျက်ကျခဲ့ရာ တံတားပေါ် မောင်းနှင်နေသည့် ၆ ဘီးကုန်ကားမှာလည်း မြစ်ထဲပြုတ်ကျကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း သန့်ဇော်ထိုက်၏ အလောင်းကို မြောင်းမြခရိုင် မီးသတ်ဌာနမှ ကယ်ဆယ်ရေးသမားများက ရေအောက်ထဲတွင် နစ်မြုပ်နေသည့် ကားခေါင်းခန်းအတွင်းမှ ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်။

ယာဉ်နောက်လိုက် အငယ်ကောင်၏ ရုပ်အလောင်းကိုလည်း တွေ့ရှိထားပြီး ယာဉ်နောက်လိုက်မှာ ရေအောက်ရှိ ကားနှင့် တံတားသံဘောင်ကြား ညပ်နေသည့်အတွက် အလောင်းဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း၊ ရေပေါ်ကရိန်းဖြင့် ကားကိုဆွဲတင်ပြီး အလောင်းဆယ်ယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မြောင်းမြခရိုင် မီးသတ်ဌာနတာဝန်ရှိသူများထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading