ပဲခူးတိုင်းဒေသကြီး ၊ တောင်ငုူမြို့နယ် ၊ ကျွန်းကုန်းကျေးရွာအနီးတွင် တပ်မတော်မှ F 7 လေ့ကျင့်ရေး တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ကြောင်း ကျွန်းကုန်းကျေးရွာ အုုပ်ချုပ်ရေးမုှူး ဦးမြသန်းက ဧရာဝတီသို့ ပြောသည်။
လေယာဉ်အား ဗိုလ်မှူး အာကာမင်းမှ မောင်းနှင့်နေစဉ် ကျွန်းကုန်းရွာ အနောက်ဖက် ၄ ဖာလုံးအကွာတွင် ပျက်ကျမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးအား တပ်မတော်ဆေးရုံသို့ ဝိုင်းဝန်းပို့ဆောင် ပေးခဲ့ကြောင်း ၎င်းကပြောသည်။
ဦးမြသန်းက “လေယာဉ်မှူး အခြေအနေက မသိရသေးဘူး၊ လေယာဉ်ကတော့ တစစီဖြစ်သွားတယ်” ဟု ပြောသည်။
လတ်တလောတွင် လေယာဉ်ပျက်ကျရာ ပတ်ဝန်ကျင်အား လုံးခြုံးရေးချထားပြီးဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ က “ပြီးခဲ့တဲ့ ၁၀နာရီ ခွဲလောက်က ပျက်ကျတယ်။ အဲ့ဒီလေယာဉ်မှာ ပိုင်းလေ့ာ တယာက်ထဲပါတယ်။ သူက လေထီးနဲ့ ခုန်ဆင်းသွားတယ်။ နည်းနည်း ထိခိုက်ဒဏ်ရာ ရတယ်နဲ့တူတယ်။ တောင်ငူ က တပ်မတော် ဆေးရုံမှာ ပို့ထားတယ်။ ကျွန်းကုန်းရွာ အနီးမှာ ဖြစ်ပေမယ့် ကွင်းပြင်မှာ ဖြစ်တဲ့ အတွက် မြေပြင်ကသူတွေ ဘာမှ တေ့ာ မဖြစ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မိုးမိုး ပူးပေါင်းပါဝင် ရေးသားသည်