သတင်းတို

ထိုင်းနိုင်ငံတဝန်း တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို စီးနင်းရှာဖွေဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ တဝှမ်းရှိ နိုင်ငံတကာ ကျောင်းအများစု ပါဝင်သည့် နေရာပေါင်း ၁၁၈နေရာကို ရဲတပ်ဖွဲ့ ယနေ့နံနက် စောစော စီးနင်းရှာဖွေရာ မြန်မာအပါအဝင် နိုင်ငံခြားသား ၉၉ ဦးကို ဖမ်းဆီးခဲ့သည်။

X-ray ဟု အမည်ပေးထားသည့် နိုင်ငံခြားသား ရာဇဝတ်မှု စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်းသည့် နေရာများတွင် နိုင်ငံတကာကျောင်းပေါင်း ၇၄ ကျောင်းအပြင်၊ နိုင်ငံခြားသားများ အများစုလာသည့် ချွန်ဘူရီပြည်နယ်ရှိ ပတ္တရား၊ ဟတ်ယိုင်ခရိုင်ရှိ ဆွန်ခလာ၊ စူရတ်ဌာနီ ပြည်နယ်ရှိ ကော့စမွီ တို့လည်းပါဝင်သည်။

ထိုသို့ ဖမ်းဆီးခြင်းမှာ ကမ္ဘာလှည့်ခရီးသွား ဟန်ဆောင်၍ နိုုင်ငံခြားသားများ ရာဇဝတ်မှု ကျူးလွန် ခြင်းကို တားဆီးရန်၊ နိုင်ငံတကာကျောင်းများကို အာရုံစိုက်ရခြင်းမှာ မလိုလားအပ် သော နိုင်ငံခြား သားများ ဘာသာစကား သင်ဆရာများအဖြစ် မကြာခဏ ပုံပြောင်း အသွင်ယူခြင်းကြောင့်ဖြစ် ကြောင်း ရဲမှူးချုပ် ဆူရာချက်ကဆိုသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာ၊ အိန္ဒိယနှင့် လာအိုမှ လာရောက်သူအများစုမှ နေထိုင်ခွင့် သက်တမ်း ကျော်လွန် နေသူများ ဖြစ်ကြောင်း၊ တခြားသောသူများမှာ သက်သေခံကတ်အတုများ၊ ခရက်ဒစ်ကတ် အတုများနှင့် မူးယစ် ဆေးဝါးမှောင်ခိုမှုများနှင့် ပတ်သက်နေသူများ ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများတွင် ကုတ်ကင်းအမှုဖွင့် ဝရမ်းထုတ်ထားသည့် နိုင်ဂျီးရီးယား နိုင်ငံသား အသက် ၃၅နှစ်အရွယ် အိုဇီယို ချာနန်ဒီ လပ်ကီးဆိုသူလည်း ပါဝင်ပြီး ၎င်း၏ ဇနီး ထိုင်းအမျိုးသမီးနှင့် ကလေးငယ်တဦးကိုလည်း သံသယရှိကြောင်း ရဲမှူးချုပ်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading