အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ခေါင်းဆောင်ကြီး ကင်ဂျုံအန်းတို့ ထိပ်သီးတွေ့ဆုံမှုကို ရှေးရှု့၍ အမေရိကန် အကျဉ်းသား ၃ဦးကို အလုပ်စခန်းမှနေ၍ ဟိုတယ်တလုံးတွင် ပြောင်းရွှေ့နေရာချထား ပေးလိုက်ကြောင်း မြောက်ကိုရီးယား အာဏာပိုင်များက သတင်းထုတ်ပြန်သည်။
အဆိုပါ အမေရိကန်အကျဉ်းသား ၃ဦးမှာ အမေရိကန်နိုင်ငံသား ကိုရီးယား လူမျိုး ၃ဦးဖြစ်ပြီး ကင်ဟက်ဆောင်၊ ကင်ဆောင်ဒက်နှင့် ကင်ဒေါင်ချုးတို့ ၃ဦးဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလက ပြုံယမ်းမြို့ ဆင်ခြေဖုံးဒေသသို့ ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း “မြောက်ကိုရီးယားသို့ ပြန်ပေးဆွဲခံရသူ မိသားစုပြန်လည်စုံညီမှု”ဟု အမည်ပေးထားသည့် တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများအဖွဲ့၏ အဆိုအရ သိရသည်။
မြောက်ကိုရီးယားအစိုးရနှင့် ပြည်သူများအပေါ် ရန်လိုမှုစွဲချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသူ အဆိုပါ အကျဉ်း သားများသည် အထူးမျှော်လင့်ထားကြသောငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးတည်သည့် ချစ်ကြည်ရေးအနေဖြင့် ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြသည်။
အမေရိကန်နိုင်ငံခြားရေးဌာနကမူ အဆိုပါသတင်းကို ချက်ချင်းအတည်မပြုနိုင်သေးပေ။