သတင်းတို

ကမ္ဘာ့စံချိန်ချိုးရန် ဒရုန်း ၁၃၇၄ စင်း တရုတ်လွှတ်တင်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံက ဂင်းနက်စ်ကမ္ဘာ့စံချိန်ချိုးရန် ရည်ရွယ်၍ အနောက်မြောက်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွား များ အလာများသည့် ရှန့်မြို့၏ ညပိုင်း ကောင်းကင်ယံ၌ မောင်းသူမဲ့ လေယာဉ် အစင်းပေါင်း ၁၃၇၄ ကို တရုတ်ကုမ္ပဏီ EHang Egret က လွှတ်တင်လိုက်ကြောင်း သိရသည်။

အဆိုပါ ဒရုန်း ၁၃၇၄ စင်းကို လူတဦးတည်းမှ ကွန်ပြူတာ တလုံးဖြင့် ထိန်းချုပ်ကာ ပျံသန်းချိန် ၁၃မိနစ်အတွင်း ဗုဒ္ဓရုပ်ပွားတော်ပုံ၊ သစ်သားပေါ်၌ လိပ်ပြာနားနေသည့်ပုံ၊ အရှိန်ဖြင့် မောင်းနှင်လာ သည့် မီးရထားပုံ အပါအဝင် မီးအလှ ဒီဇိုင်းအမျိုးမျိုးကို ပုံဖော်ကာ လွှင်တင်ပြသခဲ့သည်။

ယင်းလုပ်ဆောင်မှုမှာ ယူရေးရှား(ဥရောပ- အာရှ) တိုင်းပြည်များအကြား ပူးပေါင်းနှင့် ဆက်သွယ်မှုကို ချဲ့ထွင်ရန် ပစ်မှတ်ထားသည်ဟု သိရသည်။

တရုတ် EHang Egret လုပ်ငန်းစုသည် အမေရိကန် အင်တဲ(Intel) ကုမ္ပဏီတင်ထားခဲ့သော ယခင် စံချိန်ကို ချိုးလိုက်ပြီး အမေရိကန်နည်းပညာဘီလူးကြီး Intel သည် လှုပ်ရှားသက်ဝင်နေသော ဒရုန်း ပေါင်း ၁၂၁၈ စင်းကို ပြီးခဲ့သည့်ဖေဖော်ဝါရီ လက တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမြို့ ဆောင်းရာသီ အိုလံပစ်ပွဲတော်၌ အသုံးတော်ခံတင်ဆက်ခဲ့သော်လည်း ယခုအချိန်တွင် တရုတ်ဘက်မှ ၁၅၆ စင်းအသာစီးဖြင့် ကမ္ဘာ့စံချိန်ကို စွန့်လွှတ်လိုက်ရပြီဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading