ထိုင်းနိုင်ငံ ခွန်ကဲန်ပြည်နယ်မှာ မနှစ်က ကာရာအိုကေဆိုင်မှ မိန်းကလေးတဦးကို ရက်စက်စွာ သတ်ဖြတ်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီး ၃ဦးအပါအဝင် တရားခံ ၄ဦးကို ဒီကနေ့မှာ ပြည်နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီး အသတ်ခံသူရဲ့ မိသားစုတွေကို နစ်နာကြေး ထိုင်းဘတ် ၁.၁၇သန်း ပေးဖို့လည်း အမိန့်ချပါတယ်။
အဆိုပါ အမျိုးသမီးတွေဟာ ၂၀၁၇ခုနှစ် မေလ ၂၃ရက်နေ့က ကာရာအိုကေဆိုင် မှာ အလုပ်လုပ်နေ တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ နောင့်အန် ဆိုသည့် အမျိုးသမီးကို မျက်နှာအား ပလတ်စတစ်အိတ်စွပ်ကာ ရိုက်သတ်ပြီးနောက် နှစ်ပိုင်းဖြစ်အောင် ခုတ်ထစ်ကာ အလောင်းကို စွန့်ပစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့မှာ သွားရောက် ပုန်းအောင် နေသူတွေဖြစ်ပါတယ်။
ဒီကနေ့မှာ ပြည်နယ်တရားရုံးက အဓိက တရားခံဖြစ်တဲ့ ပရီယာနတ် နွန်ဝမ်ချိုင်(၂၅နှစ်)နဲ့ အပေါင်းအပါ ကာဝီတ ရာချာဒါ(၂၆နှစ်)တို့ကို နှစ်ရှည်ထောင်ဒဏ် ၃၄နှစ်နဲ့ ၆လ၊ အပီဝမ် ဆက်တာရာဘန်ဒစ် (၂၉နှစ်)ကို ၃၃နှစ်နဲ့ ၉လ၊ ဝါဆင်နမ်ပရွမ်(၂၂နှစ်)ကို နှစ်ရှည်ထောင်ဒဏ် ၂၃နှစ် ၄လနဲ့ ရက် ၂၀ ချမှတ်လိုက်တာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်လာသူ ထိုင်းအမျိုးသမီးများကို မြန်မာရဲက ရှာဖွေနေ
လူသတ်မှုဖြင့် မြန်မာဘက်ခြမ်း တိမ်းရှောင်လာသည့် ထိုင်း အမျိုးသမီး ၃ဦး ဖမ်းမိ
လူသတ်မှုဖြင့် ဖမ်းခံရသည့် ထိုင်းအမျိုးသမီးများ ပြန်လည်သရုပ်ပြမှုပြုလုပ်