သတင်းတို

ဒေါ်နယ်ထရမ့် နဲ့ ကင်ဂျုံအန်း စင်ကာပူမှာ တွေ့မယ်

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ လာမယ် ဇွန် ၁၂ရက်နေ့ စင်ကာပူမှာ တွေ့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က သူ့ရဲ့ လူမှုကွန်ရက် Twitter မှာ ကြေညာသွားပါတယ်။

အလွန်အရေးကြီးတဲ့ ကာလတိုအတွင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွင် ကျနော်တို့ နှစ်ဘက်လုံးက ကြိုးစားမယ်လို့လည်း ရေးသားထားပါတယ်။
ပထမဆုံးတွေ့ဆုံတဲ့ တွေ့ဆုံမှုမှာ မြောက်ကိုရီးယား နျူကလီးယား လက်နက်အရေးကို ဆွေးနွေးဖို မျော်လင့်နေတယ်လို့ လည်း သိရပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း အမေရိကန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲ စင်ကာပူမှာ လုပ်မယ်ဆိုတာကို အတည်ပြုခဲ့ပြီး၊ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး အတွက် ဒီဆွေးနွေးပွဲက တိုးတက်မှုတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။

မူလက မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ မွန်ဂိုလီးယား၊ ထိုင်း စတဲ့ အာရှနိုင်ငံတွေမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်ပေါ်ခဲ့သလို၊ ကိုရီးယား နှစ်နိုင်ငံ နယ်စပ်က ပန်မွန်ဂျုံရွာလည်း ဖြစ်နိုင် တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုဟာ မေလ ၉ရက်နေ့မှာ မြောက်ကိုရီးယားကို ရုတ်တရက် သွားရောက်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့သလို၊ မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ၃ယောက်ကို အပြန်မှာ တပါတည်းခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading