သတင်းတို

အင်ဒိုနီးရှားမှာ အသေခံဗုံးခွဲမှု ဖြစ်ပွားပြန်

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံး ဆူရာဘာယာမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ၃ကျောင်းကို မနေ့က ဆက်တိုက် ဗုံးခွဲခံရပြီးတဲ့နောက် ယနေ့မနက်မှာတော့ ရဲစခန်းလည်း အသေခံဗုံးခွဲတိုက်ခိုက် ခံရကြောင်း သိရပါတယ်။

အသေခံဗုံးခွဲသူ ၂ဦးဟာ မော်တောဆိုင်ကယ်စီးလာပြီး ရဲစခန်းကို တိုက်ခိုက်တာဖြစ်ပါတယ်၊ မည်မျှ သေကျေ ဒဏ်ရာရတယ် လို့တော့ တိတိကျကျမသိရသေးပေမယ့်၊ စောစောပိုင်းသတင်းတွေကတော့ အနည်းဆုံး တဦးသေဆုံးတယ်လို့ ဆိုပါတယ်။

အရှေ့ဂျာဗား ရဲတပ်ဖွဲ့ ပြောခွင့်ရ ဖရန်စ် ဘာရန် မန်ဂီရာက ဘယ်သူတွေထိခိုက်ဒဏ်ရာရတယ် ဘယ်သူတွေက ဒီလိုလုပ်ဆောင်တယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်လို့ အသေးစိတ်မပြောနိုင်သေးဘူး လို့ ဆိုပါတယ်။

မနေ့ကလည်း ဆူရာဘာယာမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ၃ကျောင်းကို ဆက်တိုက် ဗုံးခွဲတိုက်ခိုက်တဲ့အတွက် ၂ဦးသေပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ရှုတ်ချတယ်လို့ ဆိုပါတယ်၊ အင်ဒိုနီးရှား ထောက်လှမ်းရေး အေဂျင်စီ ကတော့ ခရစ်ယာန်ဘုရားကျောင်းတိုက်ခိုက်မှုကို IS နဲ့ အဆက်အသွယ်ရှိတဲ့ Jemaah Ansharut Daulah လက်ချက်လို့ ဆိုပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – အင်ဒိုနီးရှား၌ ခရစ်ယာန်ဘုရားကျောင်းများ ပစ်မှတ်ထား ဗုံးခွဲခံရ၊ ၂ဦးသေ ၁၃ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading