• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ယိုးတရုတ် ဗုံးကွဲမှုဖြင့် ဖမ်ဆီးခံထားရသူ ၃ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

by မင်းအောင်ခိုင်
18 May 2018
in သတင်းတို
A A
မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့်  ထောင်ဒဏ်ချမျတ်ခံရသူ ၃ ဦး / ကိုကျော်လှမြင့်

မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ်ချမျတ်ခံရသူ ၃ ဦး / ကိုကျော်လှမြင့်

5.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ကားလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ခံထားရသော ရခိုင်တိုင်းရင်းသား ၃ ဦးကို မေလ ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ၅ ထောင်ကျပ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် ပုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး ကျေးရွာသား ၃ ဦးမှာ သက်ဆိုင်ရာ အဖွဲ့အစည်း များ၏ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2.3k
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.9k
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

8 May 2025
448

ထိုမှုအား လိုက်ပါကူညီ ပေးနေသူ ရခိုင်နိုင်/ကျဉ်းအဖွဲ့ (ယာယီ) မှ ကိုကျော်လှမြင့် က “သူတို့ ၃ ဦးကို မတရားအသင်း ၁၇ (၁) နဲ့ စွဲထားတဲ့အမှုမှာ မြို့နယ်တရားရုံးက ၂ နှစ်နဲ့ ငွေဒဏ် ၅ ထောင်စီကျခံဖို့ အမိန့် ချမှတ်လိုက်ပါတယ်။ အဲဒီအထဲက ကိုအောင်အောင်နဲ့ ကိုနိုင်နိုင်တို့ ၂ ဦးကတော့ ခရိုင်မှာ စွဲထားတဲ့ ပေါက်ကွဲအမှုကို ထပ်ရင်ဆိုင်ရအုံးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်တိုင်းရင်းသား ၃ ဦးအား အနဦးဖမ်းဆီးစဉ်က ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး နောက်ပိုင်း စစ်ဆေးချက်များအရ မတရားအသင်း အဖြစ်ကြေငြာထားသော ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက်ဆက်သွယ်မှု ရှိသည်ဟုဆိုကာ တရားရုံးမှ ပြစ်ဒဏ်ချက်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုမှာ စစ်တွေဘက်မှနေ ကျောက်တော်ဘက်ကိုမောင်းနှင်လာသည့် တပ်မတော်ယဉ်တန်း ဖြတ်သန်းစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တစ်စုံတရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများသည် ယိုးတရုတ်ကျေးရွာနေ ကိုဦးယဉ်မောင်၊ ကိုနိုင်နိုင်၊ ကိုအောင်တို့ကို ဖြစ်ပြီး ယင်းတို့ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က တရားလိုလုပ်ကာ ပုဏ္ဏားကျွန်းမြို့နယ်တရား ရုံးတွင် မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်လည်းကောင်း ၊ စစ်တွေခရိုင် တရားရုံးတွင် ပေါက်ကွဲ ဥပဒေ ပုဒ်မ ၆ ဖြင့်လည်းကောင်းကောင်း အသီးသီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့်ငွေ ဒဏ် ၅ ထောင်စီ ချမှတ်ခြင်းကိုခံရပြီး ဖြစ်သော်လည်း ၎င်းတို့ ၃ ဦးအနက် ကိုနိုင်နိုင်နှင့် ကိုအောင်အောင်တို့ ၂ ဦးမှာ ပေါက်ကွဲဥပဒေ ပုဒ်မ ၆ ဖြင့် စစ်တွေခရိုင်တရားရုံးတွင် အမှုရင်ဆိုင်ရအုံးမည် ဖြစ်သည်။

Your Thoughts …
Tags: ယိုးတရုတ် ဗုံးကွဲမှု
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

No Content Available
Next Post
သောကြာနေ့ကို သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းများ

သောကြာနေ့ကို သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းများ

ရုပ်ရှင်ရုံတွင်းမှာ အသံကျယ်လောင်စွာ ဖုန်းပြောတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူပါ

ရုပ်ရှင်ရုံထဲမှာ မပြုလုပ်သင့်တဲ့ အပြုအမူများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate