ထိုင်းဘုရင့်လေတပ်မှ ချက်နိုင်ငံလုပ် L-39 အမောင်းသင်လေယာဉ်တစီးဟာ တပ်ခ်ပြည်နယ် ဘူမိဘောဆည်အနီး ယနေ့ ပျက်ကျရာ လေယာဉ်မှူးတဦးသေဆုံးသွားပါတယ်။
အဆိုပါ အမောင်းသင်လေယာဉ်ဟာ အမှတ် ၄၁ ချင်းမိုင်လေတပ် စခန်းမှ တပ်ခ်ပြည်နယ်သို့ လေ့ကျင့်ပျံသန်းနေစဉ် ဘူမိဘောဆည်ရှိ ဂေါက်ကွင်းအတွင်းသို့ ပျက်ကျသွားခြင်းဖြစ်ပြီး၊ မျက်မြင်သက်သေများ ပြောဆိုမှုအရ လေယာဉ်ဟာ မီးလောင်ကျွမ်းပြီး ပျက်ကျလာခြင်းဖြစ်ကြောင်း သိရပါတယ်။
လေယာဉ်မှူးတွေဟာ လေထီးနှင့် ခုန်ထွက်နိုင်ခဲ့ပေမယ့် အသက် ၃၆နှစ်အရွယ်ရှိ လေယာဉ်မှူး Kroekkiat Suwanno ဟာ သေဆုံးသွားပြီး၊ တွဲဖက်လေယာဉ်မှူးကတော့ အသက်ရှင်ခဲ့ပါတယ်။