သတင်းတို

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း နှုတ်ထွက်ပြီ

Want create site? Find Free WordPress Themes and plugins.

NLD အစိုးရ အဖွဲ့အတွင်း အဂတိလိုက်စားသည် စွပ်စွဲချက်များနှင့် တိုင်ကြားခံထားရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကို ယင်း၏ သဘောဆန္ဒအလျှောက် နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က မေလ ၃ရက်နေ့ ကတည်းက ဝန်ကြီး ဦးကျော်ဝင်းနှင့် ပတ်သက်၍ တိုင်ကြားစာများ ရရှိထားကြောင်း၊ မေလ ၇ ရက်နေ့တွင် အဖွဲ့ဖွဲ့၍ စစ်ဆေးနေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီး ဦးကျော်ဝင်း၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးနေကြောင်း၊ အထူး စုံစမ်းရေးဦးစီးဌာနမှ ဦးကျော်ဝင်း၏ သားဖြစ်သူ နှင့် ပတ်သက်၍လည်း စစ်ဆေးမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်မှုများရှိသလို ဦးကျော်ဝင်းကိုလည်း နိုင်ငံခြားခရီးစဉ် ကန့်သတ်ခံထားရသည်ဟု သိရသည်။

ဦးကျော်ဝင်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး သက်တမ်းအတွင်း မြန်မာ့စီးပွားရေးကို အရှိန်အဟုန်နှင့် တိုးတက် အောင် ဆောင်ရွက်တော့မည် ဖြစ်၍ မြန်မာ့ စီးပွားရေးသည် ၂၀၁၇ခုနှစ်၌ ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းကန်ပြီး ဂျက်ပါဝါနှင့် လေထဲသို့ ပြေးမည့်နှစ်ဟု သတ်မှတ်နိုင်ကြောင်း ကြုံးဝါးခဲ့သူလည်း ဖြစ်ပြီး၊ ဝန်ကြီးအဖြစ် စတင်ခန့်အပ်စဉ်က ကလည်း သူ့၏ ပညာရေးမှတ်တမ်းနှင့် ပတ်သက်၍လည်း အငြင်းပွားဖွယ် ဖြစ်ခဲ့သူဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရ

မြန်မာ့ စီးပွားရေး ဂျက်ပါဝါနှင့် လေထဲပြေးမည့်နှစ်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ကြုံးဝါး 

ဂျက်ပါဝါဖြင့် မပျံနိုင်တော့သော မြန်မာ့စီးပွားရေး ဘာလဲ ဘယ်လဲ 

Did you find apk for android? You can find new Free Android Games and apps.
Loading