မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းထံမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ စာတစောင် ပါးလိုက်ကြောင်း သမ္မတထရမ့်က ဆိုသည်။
မကြားသေးမီက စေလွှတ်လိုက်သည့် ဗိုလ်ချုပ်ကြီး ကင်ယောင်ချူး ခေါင်းဆောင်သည့် မြောက်ကိုရီး ယား ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ယင်းစာကို ပေးအပ်လိုက်ခြင်းဖြစ်ပြီး၊ အဆိုပါအဖွဲ့သည် ယနေ့တွင် ဝါရှင်တန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် ခေါင်းဆောင်ကြီး ကင်ဂျုံအန်းနှင့် သမ္မတဒေါ်နယ်ထရမ့် တို့၏ တွေ့ဆုံမှုအတွက် ရှေ့ပြေးလာရောက်ခြင်းဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဆွေးနွေးမှုများ နယူးယောက်ခ်မြို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ဗိုလ်ချုပ်ကြီး ကင်ယောင်ချူးမှာ နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အာဏာရ ကင်မ်မျိုးဆက်သုံး ဆက်လုံး၏ အထူးအား ထားရသူလည်း ဖြစ်ပြီး၊ ယခုအခါတွင်လည်း ကမ္ဘာ့ပြင်ပရောက်နေသည့် မြောက်ကိုရီးယားကိုကမ္ဘာနှင့်ပြန်လည်စေ့စပ် ညှိနှိုင်းရေးတွင်လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့မှာ လာမည့် ဇွန်လ ၁၂ရက်နေ့ စင်ကာပူနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားသည်။