ဗီယက်နမ်နိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို တရုတ်အား ငှားရမ်းရန် အစိုးရက စီစဉ်နေမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြို့တော် ဟိုချီမင်းတွင် ဖြစ်ပွားသည့် ဆန္ဒပြမှု ၌ မော်တော်ယာဉ်များကို မီးရှို့ပြီး၊ အစိုးရ အဆောက်အအုံကို ဖျက်ဆီးသဖြင့် အာဏာပိုင်များက အလျင်အမြန် နှိမ်နင်း ထိန်း ချုပ်ပြီးနောက် လူပေါင်း ၁၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးရာတွင် အသက် ၃၂နှစ် ရှိ အမေရိကန်နိုင်ငံသား ဝီ အန်း ငုယင်ဆိုသူလည်း ပါဝင်ပြီး၊ ရဲ၏ နှိမ်နင်းမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိ၍ ၎င်းမှာ “အများပြည်သူ အပေါ် နှောက်ယှက် ဖျက်ဆီးမှု” ဖြင့် အမှုရင်ဆိုင်နေရကြောင်း ဗီယက်နမ်အစိုးရ တာဝန်ရှိသူ တဦးကဆိုသည်။
ဗီယက်နမ်အနွယ်ဖား ဝီ အန်း ငုယင်သည် အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် နေထိုင်သူဖြစ်ပြီး ယေးလ်တက္ကသိုလ်မှ ဘွဲ့ရသူဖြစ်ကြောင်း၊ ဗီယက်နမ်သို့ လာရောက်လာပတ်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
သူသည် ဆန္ဒပြပွဲများကို သူ၏ လူမှုကွန်ရက် Twitter တွင် “ဒါဟာ ဗီယက်နမ်က ဒီမိုကရေစီ”ပါပဲဟု ခေါင်းစီး တပ် လျက် ဟိုချီမင်းမြို့ဆန္ဒပြပွဲမှ ဧရာမလူအုပ်ကြီးမှတ်တမ်းဓာတ်ပုံများကို ဖော်ပြထားပြီး၊ ဆန္ဒပြရာနေရာ၌ လူအုပ် ကြီးဝိုင်းထား သော လူတယောက်ပုံလည်း သူက အင်တာနက်ပေါ်လွှင့် တင်ခဲ့ပြီး ပုံစာကို “ရဲက ဆန္ဒပြသူတဦးကို ရိုက်နှက်ပြီး ပရမ်း ပတာ ဖြစ်နေသည်”ဟု ရေးသားထားသည်။
ဟနွိုင်မြို့ရှိ အမေရိကန်သံရုံး ပြောခွင့်ရသူ Pope Thrower ကလည်း အမေရိကန်နိုင်ငံသားတဦး အဖမ်းခံရကြောင်း အတည်ပြုပြောကြားပြီး၊ ၎င်းအား သင့်လျော်သည့် အထောက်အပံများကို ဟိုချီမင်းမြို့ရှိ ကောင်စစ်ဝန်ရုံးက ပေးအပ်ထား ကြောင်း ဆိုသည်။