ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဒေါင်ခရိုင်တွင် စိတ်ကြွဆေးပြား ၉သန်းဝန်းကျင်နှင့် မက်သာဖက်တမင်း ပုံဆောင်ခဲ ၃၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းကဆိုသည်။
ယင်းမူးယစ်ဆေးဝါးများနှင့်အတူ အဓိက တရားခံဟု ယူဆရသည့် ချင်းမိုင်မြို့နေ ပနာကစ် စူပွန်ဖူမိ ပန်ရ ကိုဖမ်းဆီးရ မိကြောင်း၊ ၎င်းက အယုဒ္ဒယမြို့သို့ စိတ်ကြွဆေးများ ပို့ရန်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၎င်းပိုင်ဆိုင်သည့် ဘတ် ၁၀ သန်းတန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းခဲ့ ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့(NCB) မှ အထွေထွေ အတွင်းရေးမှူး ဆရီည စစ်ဒီချိုင်က ပြောသည်။
၂၀၁၀ ခုနှစ်က ချွန်ဘူရီခရိုင်တွင် ယာဘစိတ်ကြွဆေးပြား ၁၅၈၀၀၀ ပေးပို့မှုဖြင့် ၎င်းအား ရဲက အလိုရှိနေခဲ့ပြီး၊ ၎င်း၏ အပေါင်းအပါ ၅ ဦးကိုလည်း နောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။