အင်ဒိုနီးရှားနိုင်ငံ စူမတြားကျွန်းပေါ်ရှိ လူစည်ကားရာရေအိုင်၌ တနင်္လာနေ့ညနေက ကူးတို့သင်္ဘော တစင်း နစ်မြှုပ်ခဲ့ရာ ပျောက်ဆုံးနေသူ ၁၆၆ ဦးအထိ တိုးလာပြီး ထိုထက် ကျော်လွန်နိုင်ကြောင်း အင်ဒိုနီးရှားအစိုးရက သတင်းထုတ်ပြန်သည်။
ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေသော်လည်း မတွေ့ရှိကြောင်း၊ ကနဦး သတင်းများအရ လူ ၁၈ဦးသာ ကယ်တင်နိုင်ပြီး၊ ထိုအထဲမှ ၁ဦးမှာ ထပ်မံသေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
ပျောက်ဆုံးနေသူများအတွက် ဝမ်းနည်းပူဆွေးနေကြသော ဆွေမျိုးသားချင်းများက တာဝန်ရှိသူများက ကြိုးစားရှာဖွေ ပေးကြရန် တိုက်တွန်းလျက်ရှိနေသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များက အလောင်းတလောင်းကို ကမ်းခြေရှိ လူနာတင်ယာဉ်ပေါ်တင်နေသည် ကိုတွေ့ရကြောင်း အေပီသတင်းထောက်တဦးက ဗုဒ္ဒဟူးနေ့ နံနက်က သတင်းပေးပို့သည်။