သတင်းတို

တရုတ်က ကမ္ဘောဒီးယားကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၁၀၀ဖိုး ပေးမည်

တရုတ်နိုင်ငံက ၎င်း၏နိုင်ငံရေးမဟာမိတ် ကမ္ဘောဒီးယားကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၁၀၀ ထက်မနည်းပေးအပ် မည်ဟု သဘောတူလိုက်ကြောင်း သိရသည်။

တရုတ်ကာကွယ်ရေး ဝန်ကြီး ဝေဖုန်းဟီနှင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီဘန်းတို့ ယခင် သီတင်းပတ်အကုန်က တွေ့ဆုံပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သင်တန်းပေး ခြင်း၊ လေ့ကျင့်ခြင်းနှင့် စစ်လက်နက်ကရိယာများ ပေးအပ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ချဟန်းဆိုချက် က ပြီးခဲ့သည့် အင်္ဂါနေ့က ပြောဆိုလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟီသည် ဝန်ကြီးချုပ် ဟွန်ဆန်နှင့်လည်း တနင်္လာနေ့က တွေ့ဆုံခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟီ၏ ငါးရက်ကြာကမ္ဘောဒီးယားခရီးစဉ်အတွင်း စစ်ရေးကိစ္စများ အကျေအလည်ညှိနှိုင်း ခဲ့ပြီး တရုတ်-ကမ္ဘောဒီးယားရေး စစ်ဘက်ဆိုင်ရာပြသပွဲသို့ တက်ရောက်ခဲ့ သည်။ ယင်းပြပွဲသည် ဗုဒ္ဒဟူးနေ့တွင် နောက်ဆုံးရက်အဖြစ် ပြသခဲ့သည်။

တရုတ်သည် ကမ္ဘောဒီးယား၏ အနီးကပ်နိုင်ငံရေးမဟာမိတ်နှင့် စီးပွားရေးအဓိက ထောက်ပံ့နေသူ ဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်ကလည်း ရင်းနှီးမြှပ်နှံမှုနှင့်ပံ့ပိုးမှု ဒေါ်လာသန်းနှင့်ချီ၍ လွှမ်းမိုးထားခဲ့သည်။

Loading