ညလုံးပေါက် ရွာသည့် မိုးကြောင့် ထမ်လုံဂူအတွင်း ရေများမြင့်တက်လာသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရပ်ဆိုင်းထားရကြောင်း Bangkok Post သတင်းကဆိုသည်။
အာဏာပိုင်များ၏ အဆိုအရ ယနေ့ နံနက်စောစော ရေအခြေအနေမှာ ၆မိုင်ကျော်ရှည်လျားသည့် ထမ်လုံဂူ၏ အဓိက အဝင်ဝအထိ ရေများရောက်ရှိလာသည့်အတွက် ကယ်ဆယ်ရေးပစ္စည်းများကို ရွှေ့ပြောင်းခဲ့ရကြောင်း၊ ရေမျက်နှာပြင် လျော့ကျသည့်အထိ စောင့်ဆိုင်းနေရကြောင်း၊ ဒီကနေ့ နံနက်နှောင်းပိုင်းမှာတော့ မိုးရွာသွန်းမှု ရပ်တန့်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သိရသည်။
ဒု ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ပျောက်ဆုံးနေသည့် ကလေးများကို ရှာဖွေရန် အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီမှ ကျွမ်းကျင်သူ ၃၀ဦး ရောက်ရှိလာပြီဖြစ်ကြောင်း ပြောဆိုလိုက်ပြီး၊ ဂူအပြင်ဘက်မှာတော့ ရဲအရာရှိ ၁၃၂ဦးသည် အနံ့ခံခွေးများနှင့်အတူ ရှာဖွေနေကြောင်း သိရသည်။
အလားတူ ဗြိတိသျှ ရေငုပ်သမားများဖြစ်သည့် ရစ်ချတ် ဝီလျံ စတန်တွန်၊ ဂျွန် ဗိုလ်လန်သန်နှင့် ရောဘတ်ချားလ်းဟာပါ တို့သည်လည်း ကလေးငယ်များကို ကူညီရှာဖွေဖို့ ထမ်လုံဂူသို့ မနေ့က ရောက်ရှိလာသည်။
ဆက်စပ်ဖတ်ရှု့ရန် – ပျောက်ဆုံးနေသည့် ကလေးများ ကယ်တင်ရေး မိုးသည်းထန်၍ အခက်အခဲဖြစ်နေ
ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ