သတင်းတို

လာဘ်စားမှုတရားခံပြေး ၁၆ ဦး ကူညီစုံစမ်းရန် ရဲတပ်ဖွဲ့ထုတ်ပြန်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် တရားခံပြေး ၁၆ ဦးအား ကူညီစုံစမ်းပေးရန် ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းတွင် တွဲဖက်မြို့နယ်တရားသူကြီးဟောင်း ဒေါ်ခင်လေးငယ်၊ ပဲခူးတိုင်းတရားရေးဦးစီးဌာန လက်ထောက်ညွန်မှူးဟောင်း ဦးရွှေ၊ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာကိုကိုကျော်စိုး၊ မလှိုင်မြို့နယ် တွဲဖက်တရားသူကြီး ဦးထင်လင်းအပါအဝင် ၁၆ ဦးကို လာဘ်စားမှုကြောင့် တိုင်တန်းခဲ့ကြကြောင်း၊ ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက်နေပြီး တိုင်တန်းခံရသူ အများစုမှာ တရားရေးဘက်မှအများဆုံးဖြစ်ပြီး ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် တောအုပ်၊ ပါမောက္ခချုပ်နှင့် မြေစာရင်းဦးစီးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူများလည်း ပါဝင်နေသည်။

Loading